ရုရှမှာ ရထားနဲ့ ဘတ်စ်ကား တိုက်မိပြီး ၁၆ ဦးထက်မနည်း သေဆုံး

ရုရှမှာ ရထားနဲ့ ဘတ်စ်ကား တိုက်မိပြီး ၁၆ ဦးထက်မနည်း သေဆုံး

 

အောက်တိုဘာ ၆ ။           ။ ရုရှနိုင်ငံ မော်စကိုမြို့ အရှေ့ဘက်မှာ အောက်တိုဘာ ၆ ရက်က မီးရထားနဲ့ ခရီးသည်တင်ဘတ်စ်ကားတစ်စီးတို့ တိုက်မိခဲ့ရာ အနည်းဆုံး လူပေါင်း ၁၆ ဦး သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မူလအစောပိုင်းတုန်းက ယင်းဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးထိ ရှိခဲ့တယ်ဆိုပြီး ဒေသ ကျန်းမာရေးဝန်ဆောင်မှုအကြီးအကဲက ထုတ်ဖော်ထားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ရုရှ စုံစမ်းစစ်ဆေးမှုကော်မတီက သေဆုံးသူဦးရေကို ပြန်လည်လျှော့ချသွားခဲ့တာဖြစ်ပါတယ်။

ယင်း ကားနဲ့ ရထား တိုက်မိမှုဖြစ်စဉ်မှာ မြို့တော် မော်စကိုရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၁၀ (မိုင် ၇၀) အကွာ ပိုခရော့ဗ်မြို့အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

" ကနဦး ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကလေးတစ်ဦးအပါအဝင် ၁၆ ဦး သေပါတယ်" လို့ ရုရှ စုံစမ်းစစ်ဆေးမှု ကော်မတီက ထုတ်ပြန်ပါတယ်။

" ဒဏ်ရာရရှိတဲ့ တစ်ခြားခရီးသည်တွေကိုတော့ ဆေးရုံကို အမြန်ဆုံး တင်ပို့ထားလိုက်ပါပြီ" လို့ ယင်းကော်မတီက ထုတ်ပြန်ပါတယ်။

ယခုဖြစ်စဉ် ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ကော်မတီက ထုတ်ပြန်ပါတယ်။

ယခုဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက် အစောပိုင်း မနက် ၃ နာရီ ၂၉ မိနစ်လောက်မှာ စိန့်ပီတာစဘာ့ဂ်ကနေ နစ်ဇီနီ နော့ဗ်ဂိုရော့ဒ် မြို့ ဆီ ဦးတည်ခုတ်မောင်းလာတဲ့ ရထားက ဘတ်စ်ကားကို ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly