သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှုကဏ္ဍ ကမ္ဘာ့ဦးဆောင်သူနေရာ တရုတ် တက်လှမ်း

သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှုကဏ္ဍ ကမ္ဘာ့ဦးဆောင်သူနေရာ တရုတ် တက်လှမ်း

 

အောက်တိုဘာ ၆ ။             ။ နိုင်ငံရပ်ခြားက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှု စီမံကိန်းတွေမှာ တရုတ်တို့ရဲ့ ရင်းနှီးမြုှပ်နှံမှုပမာဏက ယမန်နှစ်တုန်းက ၆၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာမှာတော့ ယခုအခါ စံချိန်တင် ဒေါ်လာ ၃၂ ဘီလီယံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ယင်းကြောင့်လည်း ယခုလက်ရှိ သန့်ရှင်းသောစွမ်းအင်ကဏ္ဍ ကမ္ဘာ့ဈေးကွက်ထဲမှာ တရုတ်တို့က ဦးဆောင်သူဖြစ်နေပြီ ဆိုပြီး အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

၂၀၁၆ တုန်းက တရုတ်တို့ဟာ စီမံကိန်းတစ်ခုကို ဒေါ်လာ တစ်ဘီလီယံကျော်စီ ရှိသည့် နိုင်ငံရပ်ခြား စွမ်းအင်ရင်းနှီးမြုှပ်နှံမှု လုပ်ငန်းသဘောတူညီချက် ၁၁ ခုကို အပြီးသတ် လုပ်ဆောင်ထားနိုင်ခဲ့ တာကြောင့် ယခုနှစ်အတွင်း ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းမှာ ပိုမိုအရှိန်ရလာတော့မယ်လို့ မျှော်လင့်ရကြောင်း Energy Economics and Financial Analysis (IEEFA) က  ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

လာမယ့် ၂၀၂၀ မတိုင်ခင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍှာ အနည်းဆုံး ကန်ဒေါ်လာ ၃၆၁ ဘီလီယံထိ ထည့်ဝင်ရင်းနှီးသွားမယ်ဆိုပြီး တရုတ်တို့က ၂၀၁၇ ဇန်နဝါရီလကတုန်းက ထုတ်ပြန်ကြေညာခဲ့ပြီး ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ကျောက်မီးသွေးစွမ်းအင်ထုတ်လုပ်မှုကနေ သန့်ရှင်းတဲ့စွမ်းအင်ထုတ်လုပ်မှုဘက်ကို ပြောင်းလဲနေပြီဆိုတာကို ပြသခဲ့ပါတယ်။

ပြည်တွင်းဘက်ကို ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီး တရုတ်ဟာ အမေရိကန်ကို ကျော်ပြီး ပြည့်ဖြိုးမြဲစွမ်းအင် အဓိကထုတ်လုပ်ရာ ဗဟိုဌာနတစ်ခုအဖြစ်   ပေါ်ထွက်နေခဲ့ပြီဖြစ်ပါတယ်။

တရုတ်တို့အနေနဲ့ ပြည်တွင်းမှာ ရှိတဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်းထဲမှာ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် စိုက်ထူမြုှပ်နှံထားပြီးဖြစ်ပြီး ယင်းက အမေရိကန်ရင်းနှီးမြုှပ်နှံမှုရဲ့ နှစ်ဆကျော် ပိုများနေခဲ့တယ်ဆိုပြီး Bloomberg New Energy Finance က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly