အောက်တိုဘာ ၆၊ ဗျုနို့စ်အေးရီးစ်။ ။ ပီရူးအသင်းနှင့်အိမ်ကွင်းတွင် ဂိုးမရှိသရေကျပြီးနောက် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရန်အခွင့်အလမ်း နည်းသွားပြီဖြစ်သော်လည်း အာဂျင်တီးနားနည်းပြ ဆန်ပါအိုလီက ခြေစစ်ပွဲအောင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
အာဂျင်တီးနားအသင်းမှာ ၂၀၁၈ကမ္ဘာ့ဖလား တောင်အမေရိကဇုန်အုပ်စုပတ်လည်ပွဲစဉ်များတွင် နောက်ဆုံးသုံးပွဲဆက် သရေကျပြီးနောက် အဆင့်၆ နေရာအထိရောက်ရှိခဲ့ပြီး ခြေစစ်ပွဲအောင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရတော့မည်ဖြစ်သည်။ ကျွန်တော်တို့ကမ္ဘာ့ဖလားရောက်မယ်လို့အခုထိယုံကြည်နေဆဲပါ။
ပီရူးနဲ့ပွဲမှာအကောင်းဆုံးကစားနိုင်ပေမယ့် ဂိုးပေါက်ရှာမတွေ့ခဲ့ဘူး။ မျှော်လင့်ချက် ရှိနေဆဲဖြစ်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားစရာပါ။ ကျွန်တော်တို့က ဘယ်တော့မှ အရှုံးပေးမယ့် အသင်းမဟုတ်ပါဘူး။ ဟု ဆန်ပါအိုလီကပြောသည်။
အာဂျင်တီးနားအသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရန်အတွက် နောက်ဆုံးပွဲစဉ်ဖြစ်သော အီကွေဒေါနှင့်ပွဲတွင် အနိုင်ရရန်လိုအပ်နေပြီး ယင်းပွဲအနိုင်ရပါက Play-Off ရှုံးထွက်အဆင့်ကစားခွင့်ရရန် မျှော်လင့်နိုင်သည်။
Ref: Goal.com