ဂျာမနီမှာ အားပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်၍ ခုနစ်ဦး သေဆုံး

ဂျာမနီမှာ အားပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်၍ ခုနစ်ဦး သေဆုံး

 

အောက်တိုဘာ ၆ ။            ။ ဂျာမနီနိုင်ငံ အရှေ့ခြမ်းနဲ့ မြောက်ခြမ်းဒေသတွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က အားပြင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူခုနစ်ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်စဉ်အတွင်း လမ်းမတွေပေါ်မှာ မောင်းနှင်သွားလာနေခဲ့ကြတဲ့ မော်တော်ကားတွေပေါ် သစ်ပင်ကြီးတွေ ပြိုလဲပိကျခဲ့တဲ့ ဖြစ်စဉ်တွေနဲ့အတူ မီးရထားခရီးစဉ်အများအပြား ဖျက်သိမ်းထားခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

မုန်တိုင်းက နိုင်ငံရဲ့ မြို့တော် ဘာလင်အပါအဝင် အခြားမြို့တွေကိုပါ ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှု များပြားခဲ့တယ်လို့လည်း သိရပါတယ်။

မုန်တိုင်းတိုက်ခတ်စဉ် မောင်းနှင်သွားလာနေခဲ့တဲ့ ကားတွေအပေါ် သစ်ပင်တွေ ပြိုလဲပိကျခဲ့ရာကနေ လူသေဆုံးမှု၊ အပြင်းအထန် ဒဏ်ရာရရှိမှုတွေ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

မြို့တော်ဘာလင်မှာ ရှိတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း အမြင့်ဆုံး တပ်လှန့်ထားခဲ့ရပြီး မုန်တိုင်းဝင်စဉ် နာရီဝက်အတွင်း အရေးပေါ် ဖုန်းခေါ်ဆိုမှုအရေအတွက် ၅၀ ထိ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly