ဗြိတိန်နိုင်ငံသား ဂျပန်နွယ်ဖွား စာရေးဆရာ ကာဇူအို အီရှီဂူရို စာပေနိုဘယ်လ်ဆု ရရှိ

ဗြိတိန်နိုင်ငံသား ဂျပန်နွယ်ဖွား စာရေးဆရာ ကာဇူအို အီရှီဂူရို စာပေနိုဘယ်လ်ဆု ရရှိ

 

အောက်တိုဘာ ၆ ။            ။ ၂၀၁၇ ခုနှစ် စာပေဆိုင်ရာ နိုဘယ်လ်ဆုကိုတော့ ဗြိတိန်နိုင်ငံသား ဂျပန်နွယ်ဖွားစာရေးဆရာ ကာဇူအို အီရှီဂူရိုက ရရှိသွားခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

စာရေးဆရာ အီရှီဂူရို ဟာဆိုရင် လူသိများခဲ့တဲ့ "The Remains of the Day" ဝတ္ထုအပါအဝင် နာမည်ကျော် ဝတ္ထုတွေကို ရေးသားခဲ့သူလည်းဖြစ်ပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ စာရေးဆရာ အီရှီဂူရိုဟာ သူ့ရဲ့ဝတ္ထုတွေနဲ့အတူ ကမ္ဘာလောကကြီးနဲ့အကြား ဆက်နွယ်နေတဲ့ ကျွန်တော်တို့တတွေရဲ့ ထင်ယောင်ထင်မှား မှောက်မှားတတ်တဲ့ စိတ်အာရုံရဲ့ အောက်ခြေက အသူတရာနက်တဲ့ ချောက်နက်ကြီးကို ဖွင့်လှစ် လှစ်ဟပြသနိုင်သူ ဖြစ်တယ်ဆိုပြီး နိုဘယ်လ်ဆုချီးမြှင့်ပေးတဲ့ အကယ်ဒမီက အမွှမ်းတင်ရေးသားခဲ့ပါတယ်။

နာမည်ကျော် စာရေးဆရာ ဖြစ်တဲ့ အီရှီဂူရို ဟာ စာအုပ်ရှစ်အုပ်နှင့်အတူ ရုပ်ရှင်၊ တီဗီဇာတ်ကားတွေအတွက် ဇာတ်ညွှန်းတွေပါ ရေးသားပေးခဲ့သူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၉ ခုနှစ်တုန်းကလည်း "The Remains of the Day" စာအုပ်နဲ့အတူ Man Booker ဆုကို ရရှိထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly