လက်စ်ဗီးဂတ် သေနတ်သမား၏ အစီအစဉ်ကို မိမိမသိရကြောင်း ၎င်း၏ ရည်စားဖြစ်သူ ပြော

လက်စ်ဗီးဂတ် သေနတ်သမား၏ အစီအစဉ်ကို မိမိမသိရကြောင်း ၎င်း၏ ရည်စားဖြစ်သူ ပြော

 

အမေရိကန်နိုင်ငံတွင် လူပေါင်း ၅၉ ဦး သေဆုံးသည့် လက်စ်ဗီးဂတ်မြို့က ဂီတရှိုးပွဲ ပစ်ခတ်မှုကို စတီဗင်ပတ်ဒေါ့က တိတ်တဆိတ်ကြံစည် ကျူးလွန်ခြင်းခဲ့ခြင်းသာ ဖြစ်သည်ဟု ၎င်း၏ ရည်စားဖြစ်သူက ငြင်းဆန်ပြီး သူ့အနေဖြင့် ယင်းသို့ စီစဉ်ထားခြင်းကို မသိရကြောင်း ပြောသည်။

လက်စ်ဗီးဂတ်စ်တွင် လူအမြောက်အမြားကို ပစ်ခတ်သတ်ဖြတ်ခဲ့သော စတီဗင်ပတ်ဒေါ့၏ ရည်းစားဖြစ်သူ မာရီလုဒန်လေးက ယခုကဲ့သို့ ပြောကြားအပြီး ရဲကလည်း စတီဗင်သည် လျှို့လျှို့ဝှက်ဝှက် သိုသပ်စွာ နေထိုင်သူဖြစ်သည်ဟု မှတ်ချက်ပြုသည်။

လက်စ်ဗီးဂတ်စ်က ရှိုးပွဲကို ပစ်ခတ်အပြီး အလွတ်ပြေးရန် စတီဗင်က နဂိုက ကြံစည်ထားခြင်း ဖြစ်သော်လည်း နောက်တွင် ကိုယ်ကိုကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း ရဲက ပြောပြီး အသေးစိတ်ကို မထုတ်ပြန်ပေ။

အမေရိကန် ခေတ်သစ်သမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ခဲ့သည့် အဆိုပါ ပစ်ခတ်မှုသည် လက်စ်ဗီးဂတ်စ်မြို့တွင် အောက်တိုဘာ ၁ ရက် ညပိုင်းက ကျင်းပနေသော လဟာပြင်စတိတ်ရှိုးအား အနီးရှိ မန္တလေးဘေး ဟိုတယ်၏ ၃၂ ထပ်မှ နေပြီး ပရိသတ်လူအုပ်ကို စတီဗင်ပတ်ဒေါ့က သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

စာရင်းကိုင်အငြိမ်းစားတစ်ဦးဖြစ်ပြီး ငွေကြေးပြည့်စုံသည့် စတီဗင်က ယင်းသို့ ပစ်ခတ်ရခြင်းသည် မည်သည့် စေ့ဆော်မှုကြောင့် ဖြစ်ကြောင်း ယခုအထိ မသိရသေးပေ။

အဆိုပါ ဟိုတယ်တွင် ရပ်ထားသော စတီဗင်၏ ကားအတွင်း ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ လက်နက်ခဲယမ်း ကျည်ဆံကျည်တောင့်ပေါင်း ၁၆၀၀ ခန့်တွေ့ကြောင်း၊ စတီဗင်သည် ဟိုတယ်အတွင်း လောင်းကစားနေခဲ့ပြီးမှ ပစ်ခတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုဖြစ်သည့် သီတင်းပတ်အစောပိုင်းက လက်စ်ဗီးဂတ်စ်တွင်ပင် အခြားလဟာပြင်ပွဲတော်တစ်ခုအား Ogden Hotel ကနေ တည်းခိုကြည့်ရှုခဲ့ပြီး မန္တလေးဘေး ဟိုတယ်သို့ ရွှေ့ပြောင်းလာခြင်းဖြစ်ကြောင်း စီရင်စုအကြီးအကဲ ဂျိုးဆက်လွန်ဘာဒိုက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အောက်တိုဘာ ၁ ရက် ညနေပိုင်းက ပရိတ်သတ် ၂၂၀၀၀ ကျော်ထက်မနည်း ရှိနေသည့် ရှိုးပွဲအား အနီးရှိ မန္တလေးဘေး ဟိုတယ် ၃၂ ထပ်မှနေပြီး အသက် ၆၄ နှစ်ရှိ စတီဗင်ပတ်ဒေါ့ဆိုသူက သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်ခြင်းဖြစ်ကာ အမေရိကန်ခေတ်သစ်သမိုင်းတွင် အဆိုးဝါးဆုံး ပစ်ခတ်မှုဖြစ်သည်။

အိုင်အက်စ်အဖွဲ့က ယင်းပစ်ခတ်မှုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာထားသော်လည်း အက်ဖ်ဘီအိုင်က ချိတ်ဆက်သက်သေအထောက်အထားမရှိဟု ငြင်းဆန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly