ပဟေဠိဆန်သော တိုက်ခိုက်မှုများအတွက် ကျူးဘားသံတမန် ၁၅ဦးကို အမေရိကန်ထုတ်ပယ်

ပဟေဠိဆန်သော တိုက်ခိုက်မှုများအတွက် ကျူးဘားသံတမန် ၁၅ဦးကို အမေရိကန်ထုတ်ပယ်

 

ဝါရှင်တန်၊ အမေရိကန်ပြည်ထောင်စု၊ အောက်တိုဘာ ၄  ။                ။ အမေရိကန်တို့သည် နိုင်ငံအတွင်းရှိ ကျူးဘားသံတမန် ၁၅ဦးကို ထုတ်ပယ်ရန် အင်္ဂါနေ့ကအမိန့်ပေးခဲ့ပြီး ကျူးဘားအစိုးရသည် အဖြေရှာမရသော ပဟေဠိဆန်သည့် တိုက်ခိုက်မှုများအတွင်း အမေရိကန်သံတမန်များကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့သည်ဟုလည်း စွပ်စွဲပြောဆိုခဲ့သည်။

ထိုသို့ထုတ်ပယ်ခဲ့သော်လည်း ဝါရှင်တန်အစိုးရသည် ကျူးဘားအစိုးရနှင့် သံတမန်ဆက်ဆံရေးကို ဆက်လက် ထားရှိသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ပြောဆိုခဲ့သည်။

“ကျူးဘားအစိုးရဟာ ကျူးဘားနိုင်ငံအတွင်းမှာရှိတဲ့ ကျုပ်တို့သံတမန်တွေရဲ့ လုံခြုံရေးကို အာမမခံပေးနိုင်သရွေ့ ကျနော်တို့သံရုံးက သံတမန်တွေကို အန္တရာယ်ကြားမှာ မစွန့်စားစေလိုတာကြောင့် အရေအတွက်ကိုလျှော့ချ သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အရေအတွက်ညီမျှသွားအောင် ကျူးဘားသံတမန်တွေကို ထုတ်ပယ်ဖို့ အမိန့်ပေး ခဲ့တာကြောင့် ကျနော်တို့သံတမန်တွေရဲ့ လုံခြုံရေးကို အာမခံပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်” ဟု တေလာဆန်က ပြောခဲ့သည်။

ကျူးဘားသံတမန်များကို ထုတ်ပယ်ရန်အမိန့်ပေးခဲ့မှုနှင့်ပက်သက်၍ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနိုရိုဒရီ ဂွတ်ဇ်ပါရီလာက ထိုအမိန့်သည် တရားမျှတမှုမရှိသလို လက်မခံနိုင်စရာကိစ္စဖြစ်သောကြောင့် ဆန့်ကျင်သွား မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း အမေရိကန်တို့၏လုပ်ဆောင်ချက်ကို လက်တုံ့ပြန်သွားဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း မရှိကြောင်း သိရသည်။

“နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်ခဲ့တဲ့အမိန့်နဲ့ ထောက်ထားစာနာမှုမရှိတဲ့ လုပ်ရပ်ကြောင့် နှစ်နိုင်ငံ ကြားဆက်ဆံရေးဟာ ပျက်စီးယိုယွင်းလာခဲ့မယ်ဆိုရင် အမေရိကန်အစိုးရမှာ တာဝန်ရှိပါတယ်” ဟု သူက ပြောခဲ့သည်။

မကြာသေးခင်လများအတွင်းက ကျူးဘားနိုင်ငံရှိ အမေရိကန်သံရုံး၌ အသံလှိုင်းလက်နက်ဖြင့် တိုက်ခိုက်သည့် ပဟေဠိဆန်သော တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး သံရုံးဝန်ထမ်း ၂၂ဦးခန့်အား ထိခိုက်ခဲ့သည့်အတွက် နှစ်နိုင်ငံကြား ယခုလိုအငြင်းပွားနေရခြင်းဖြစ်သည်။

တေလာဆန်က အမေရိကန်တို့အနေဖြင့် ကျူးဘားအစိုးရနှင့် သံတမန်ဆက်ဆံရေးကို ဆက်လက်ထားရှိသွား မည်ဖြစ်သလို ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးရာတွင် ကျူးဘားအစိုးရနှင့်အတူ ပူးပေါင်းလုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly