ဒေါ်အောင်ဆန်းစုကြည်ထံမှ Freedom of Oxford ဆု ပြန်လည်ရုပ်သိမ်းရန်မဲခွဲဆုံးဖြတ်

ဒေါ်အောင်ဆန်းစုကြည်ထံမှ Freedom of Oxford ဆု ပြန်လည်ရုပ်သိမ်းရန်မဲခွဲဆုံးဖြတ်

 

အောက်တိုဘာ ၃ ။             ။ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ပေးအပ်ထားခဲ့သည့် Freedom of Oxford  ဆုကို ပြန်လည် ရုပ်သိမ်းရန်  Oxford မြို့ တော်ကောင်စီက ယနေ့ မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

လတ်တလောဖြစ်ပွားခဲ့သည့်  ရခိုင်အရေးကိစ္စ ဖြစ်စဉ်များကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ထံမှ  Freedom of Oxford ဆုကို ပြန်ရုပ်သိမ်းရန် အောက်စ်ဖို့ဒ်မြို့တော်   ကောင်စီဝင်များက  တောင်းဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအရေး ကာလကြာ တိုက်ပွဲဝင်ခဲ့မှုကြောင့်  ၁၉၉၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က အဆိုပါ ဆုကို Oxford တက္ကသိုလ်က ချီးမြှင့်ပေးခဲ့သည်။

အဆိုပါဆုကို ပြန်လည်ရုပ်သိမ်းရေး အတည်ပြုနိုင်မည့် အထူးအစည်းအဝေးကို ယခုလ၂၇ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း Oxford တက္ကသိုလ်က ကြေညာထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ပုံတူ ပန်းချီကားကို Oxford တက္ကသိုလ်က ဖယ်ရှားခဲ့သည်။

ထိုသို့ဖယ်ရှားခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားများနှင့် လွှတ်တော် ကိုယ်စားလှယ်အချို့က ဆန့်ကျင် ဝေဖန်ခဲ့ကြသည်။ သတင်းအတုများကို အခြေခံသော ဝါဒဖြန့်မှုများ၏ အောင်မြင်မှုဖြစ်သည်ဟု   ဝေဖန်သူအချို့က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် Oxford တက္ကသိုလ် စိန့်ဟုချ်ကောလိပ်မှ ၁၉၇၆ခုနှစ်တွင် ဘွဲရခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly