အမေရိကန်-ထိုင်း ဆက်ဆံရေး အလွန်ခိုင်မာနေကြောင်း ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ထရမ့် ပြောကြား

အမေရိကန်-ထိုင်း ဆက်ဆံရေး အလွန်ခိုင်မာနေကြောင်း ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ထရမ့် ပြောကြား

 

အောက်တိုဘာ ၃ ။                   ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အောက်တိုဘာ ၂ ရက်က နိုင်ငံမှာ အလည်အပတ်ခရီးရောက်ရှိလာတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ထိုင်းအာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း ဝါရှင်တန်နဲ့အကြား ဆက်ဆံရေး အေးခဲနေခဲ့ပြီးနောက် ယခုအခါမှာတော့ စစ်အာဏာသိမ်းခေါင်းဆောင် လက်ရှိထိုင်းဝန်ကြီးချုပ်ရဲ့ အမေရိကန်ခရီးစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးအေးခဲနေခဲ့ပေမယ့် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုင်းမှာ လွန်စွာခိုင်မာခဲ့တဲ့ သမိုင်းကြောင်း ရှိထားခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

" အမေရိကန်နဲ့ ထိုင်းအကြား ကာလရှည်ကြာစွာ ဆက်ဆံခဲ့ဲတဲ့ သမိုင်းကြောင်းတစ်ရပ် ရှိခဲ့ပါတယ်၊ ခုချိန်မှာလည်း ကျွန်တေ်ာတို့အကြား ဆက်ဆံရေးက အရမ်းခိုင်မာနေလျက်ရှိပါတယ်၊ ပြီးခဲ့တဲ့ ကိုးလတာအတွင်းမှာပဲ သိသိသာသာ ပိုကောင်းလာနေခဲ့ပါတယ်" ဆိုပြီး ထရမ့်က ဘဲဥပုံ ရုံးခန်းမှာ ပြောပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ထိုင်းအစိုးရကို ဖိတ်ကြားတဲ့ အိမ်ဖြူတော်ဖိတ်ကြားလွှာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။   နောက်ပိုင်းကာလတွေမှာ ထိုင်းနဲ့ တရုတ်တို့အကြား စစ်ရေးပိုင်း နီးနီးကပ်ကပ် ပိုမိုဆက်ဆံလာနေတာနဲ့ပတ်သက်လို့ စိုးရိမ်လာနေရတဲ့အခြေအနေတစ်စိတ်တစ်ပိုင်းကြောင့် အဆိုပါဖိတ်ကြားလွှာကို ထုတ်ပြန်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags