အတိုက်အခံဆန္ဒပြသူများကို ကင်ညာရဲများက မျက်ရည်ယိုဗုံးများအသုံးပြုကာ လူစုခွဲ

အတိုက်အခံဆန္ဒပြသူများကို ကင်ညာရဲများက မျက်ရည်ယိုဗုံးများအသုံးပြုကာ လူစုခွဲ

 

နိုင်ရိုဘီ၊ ကင်ညာ၊ အောက်တိုဘာ ၃ ။              ။ ယခုလတွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် ပုဏ္ဏားတိုင်လုပ်ပေးမည့် ကင်ညာနိုင်ငံ၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီးကို နိုင်ငံ၏အကြီးဆုံးမြို့ကြီးနှစ်မြို့တွင် အတိုက်အခံအဖွဲ့များက တနင်္လာနေ့၌ ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က ထိုလူအုပ်ကြီးများကို မျက်ရည်ယိုဗုံးများအသုံးပြုကာ လူစုခွဲခဲ့သည်။

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီနှင့် အနောက်ပိုင်းမြို့ကီဆူမူတို့မှ ရာပေါင်းများစွာသော အတိုက်အခံဆန္ဒပြသူ များသည် လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (IEBC) ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

နိုင်ငံတော်တရားရုံးချုပ်က သြဂုတ်လရွေးကောက်ပွဲရလာဒ် ကို ဖျက်သိမ်းခဲ့သောကြောင့် အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် မဲခွဲဆုံးဖြတ်မှုကို စီမံကိုင်တွယ်ရာ၌   ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် လက်ရှိဖွဲ့စည်းထားပုံအရ ပါဝင်ပက်သက်ရန် မဖြစ်သင့်ကြောင်းနှင့် ယင်းကော်မရှင်အဖွဲ့ကို ပိတ်ပင်တားမြစ်သင့် ကြောင်း အတိုက်အခံခေါင်းဆောင်များက ပြောဆိုခဲ့သည်။

တရားသူကြီးများက IEBC ၏ သမ္မတရွေးကောက်ပွဲအတွက် ဆုံးဖြတ်ချက်သည် ပွင့်လင်းမြင်သာမှု မရှိသလို စိစစ်အတည်ပြုနိုင်ခြင်းမရှိသောကြောင့် သြဂုတ်လရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။

အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ရိုင်းလာအိုဒင်ဂါက အကယ်၍ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို အလုံးစုံ ပြုပြင်ပြောင်းလဲထားပြီး အကြီးတန်းတာဝန်ရှိသူများကို ထုတ်ပယ်ပစ်ပါက   ပြန်လည်ကျင်းပမည့် နောက်ထပ် ရွေးကောက်ပွဲကို သပိတ်မှောက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ဒါ့အပြင်သူသည် ပြီးခဲ့သောလကတည်းက IEBC အဖွဲ့ကို ဆန္ဒပြမှုများ ပြုလုပ်ကြရန်တောင်းဆိုခဲ့ပြီး ထို့နောက် တွင် ယင်းအဖွဲ့ကိုဆန္ဒပြမှုအား တနင်္လာနေ့၌ စတင်ပြုလုပ်ခဲ့သည်။

အတိုက်အခံအဖွဲ့၏ အမာခံနယ်မြေဖြစ်သော ကီဆူမူမြို့တွင် ဆန္ဒပြသသူပေါင်း ၅၀၀ ကျော်ခန့်အထိရှိခဲ့ပြီး ရဲတပ်ဖွဲ့က၎င်းတို့ကို မျက်ရည်ယိုဗုံးများဖြင့် လူစုမခွဲမီတွင် ၎င်းတို့သည် အတားအဆီးများကို တည်ဆောက်ခဲ့ ပြီး တာယာဘီးများကို မီးရှို့ခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က ၎င်းတို့ကိုနံပါတ်တုတ်များအသုံးပြုပြီး သေနတ်နှင့် ခြောက်လှန့်ပစ်ခတ်ကာ လူစုခွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly