Water Taxi အောက်တိုဘာ ရ ရက်တွင် စတင်ပြေးဆွဲတော့မည်

Water Taxi အောက်တိုဘာ ရ ရက်တွင် စတင်ပြေးဆွဲတော့မည်

ရန်ကုန်၊ အောက်တိုဘာလ ၂ ။ ။ ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြစ်ကြောင်းအတွင်း ပြေးဆွဲပေးမည့် Water Taxi များကို အောက်တိုဘာလ ၇ ရက်၊ နံနက် ၇ နာရီမှ စပြီး ဗိုလ်တစ်ထောင်နှင့် အင်းစိန်အောင်ဇေယျတံတားအောက်မှ စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း Tint Tint Myanmar ကုမ္ပဏီမှ သတင်းထုတ်ပြန်သည်။

Water Taxi စီးနင်းနိုင်ရန်အတွက် အချိန်ဇယား ဆိုက်ရောက်ချိန်များကို ဆိပ်ကမ်းများတွင် ကပ်ပေးထားမည် ဖြစ်ပြီး စီးနင်းသူများအနေဖြင့် တစ်ဦးလျှင် ကျပ် ၃ဝဝ ကျသင့်မည်ဖြစ်သည်။

Water Taxi တွင် စီးနင်းလိုက်ပါမည့် ခရီးသည်များအနေဖြင့် Anypay ကဒ်များကို လက်မှတ်အရောင်းဌာနများ (ticket counter)တွင် ဝယ်ယူနိုင်မည်ဖြစ်ပြီး အချက်အလက် အသေးစိတ်အား ရုပ်မြင်သံကြားနှင့် စာစောင်များမှတဆင့် ထပ်မံကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Water Taxi (Yangon Water Bus)ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၆ ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီ အထိ ဗိုလ်တစ်ထောင်ဆိမ်းကမ်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် နေ့စဉ် လိုက်ပါ စီးနင်းမည့် ခရီးသည်များအား ကြာဇံချက်ကို စတုဒီသာအဖြစ် ကျွေးမွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags