အာဆင်နယ်အသင်းပိုမိုညီညွတ်လာသည်ဟု နည်းပြအာစင်ဝင်းဂါး ယုံကြည်နေ

အာဆင်နယ်အသင်းပိုမိုညီညွတ်လာသည်ဟု နည်းပြအာစင်ဝင်းဂါး ယုံကြည်နေ

အောက်တိုဘာ ၁၊ အင်္ဂလန် ။           ။ လက်ရှိအာဆင်နယ်အသင်းမှာ လီဗာပူးလ်ကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးခဲ့သည့် အာဆင်နယ်အသင်းနှင့် ကွဲပြားခြားနားသည့်အသင်း ဖြစ်လာပြီဖြစ်ပြီး ပိုမိုညီညွတ်လာသည်ဟု နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

"ကွဲပြားခြားနားတဲ့အသင်းဖြစ်လာပြီလို့ ကျွန်တော်ခံစားရပါတယ်။ အသင်းရဲ့ကစားပုံကိုလည်း ခင်ဗျားတို့တွေ့မှာပါ။ ဘောလုံးကို အကောင်းဆုံးကစားနိုင်ဖို့ဆိုရင် ညီညွတ်တဲ့အသင်းတစ်သင်းရှိဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့အသင်းရဲ့ အချက်အလက်တွေက ကျဆင်းနေပြီး လုံလောက်တဲ့ ခြေစွမ်းကောင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်သွားပြီး နိုင်ငံတကာ ရက်သတ္တပတ်ပြီးသွားတဲ့နောက်မှာတော့ ဒီနေ့က အသင်းအတွက် ကောင်းမွန်တဲ့ နေ့တစ်နေ့ပါပဲ။

အားလုံးခြုံကြည့်လိုက်ရင် ကျွန်တော်တို့ စည်းလုံးညီညွတ်လာပါတယ်။ ကွင်းထဲမှာ သက်သေပြခဲ့ပြီးပါပြီ" ဟု အာစင်ဝင်းဂါးက ဆိုသည်။

အာဆင်နယ်အသင်းသည် ရာသီအစတွင် ရလဒ်များဆိုးရွားခဲ့ပြီး ပြိုင်ဘက်အသင်းကြီးများ၏နောက်တွင် ရပ်တည်လျက်ရှိသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly