မော်ရင်ဟိုနှင့်ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ၁ နှစ်ခန့်ဘောလုံးပွဲကြည့်လို့မရခဲ့ဟု ချယ်လ်ဆီးဆရာဝန်ဟောင်း ကာနီရို ဖွင့်ဟ

မော်ရင်ဟိုနှင့်ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ၁ နှစ်ခန့်ဘောလုံးပွဲကြည့်လို့မရခဲ့ဟု ချယ်လ်ဆီးဆရာဝန်ဟောင်း ကာနီရို ဖွင့်ဟ

 

စက်တင်ဘာ ၃၀၊ အင်္ဂလန် ။              ။ နည်းပြမော်ရင်ဟိုနှင့် ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ၁ နှစ်ခန့် ဘောလုံးပွဲများကို ကြည့်ရှုလို့မရခဲ့ကြောင်း ချယ်လ်ဆီးဆရာဝန်ဟောင်း ကာနီရိုက ဖွင့်ဟလိုက်သည်။

၂၀၁၅-၁၆ ရာသီက ချယ်လ်ဆီးနှင့် ဆွမ်ဆီးတို့၏ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအနိုင်ရရန် အရေးကြီးနေသည့်အချိန်၌ ဟက်ဇက်ကို ကွင်းအတွင်းဆေးကုသခဲ့သောကြောင့် ကာနီရိုကို မော်ရင်ဟိုက ဝေဖန်ပြောဆိုခဲ့သည်။ ထို့နောက် ပြဿနာများဖြစ်ပွားပြီး ချယ်လ်ဆီးမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

ချယ်လ်ဆီးမှ ထုတ်ပယ်ခံခဲ့ရခြင်းသည် ၎င်းအတွက် အလွန်နာကျင်ရကြောင်း ကာနီရိုက ဆိုသည်။

“တစ်နှစ်လောက် ဘောလုံးပွဲကြည့်မရခဲ့ဘူး။ ၂၀၁၆ ခုနှစ်ကဆို ရီးယဲလ်နဲ့အက်သလက်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်က ကျွန်မ ကြည့်ခဲ့တဲ့ တစ်ပွဲတည်းသော ဘောလုံးပွဲပဲ” ဟု ကာနီရိုက ဆိုသည်။

ထို့အပြင် ကာနီရိုက အရည်အချင်းမပြည့်မီသည့် နည်းပြများကို ဆေးကုသမှုအတွက် ဆုံးဖြတ်ချက်ချမှတ်စေခြင်းမှာ ကစားသမားများအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း သတိပေး ပြောဆိုသွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly