နည်းပြများမှာ ကစားသမားများကို ကလေးများကဲ့သို့ မဆက်ဆံနိုင်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

နည်းပြများမှာ ကစားသမားများကို ကလေးများကဲ့သို့ မဆက်ဆံနိုင်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

စက်တင်ဘာ ၃၀၊ အင်္ဂလန် ။            ။ နာမည်ကြီး ကစားသမားအချို့ ကွင်းပြင်ပ၌ ပြဿနာများဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပျက်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြကွန်တီက နည်းပြများအနေဖြင့် သူတို့၏ကစားသမားများကို ကလေးများကဲ့သို့ မဆက်ဆံနိုင်ကြောင်း ပြောဆိုလိုက်သည်။

မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် သူ၏အားလပ်ရက်တွင် ရှိုးပွဲကြည့်ရှုရန် အမ်စတာဒမ်သို့ သွားရောက်ခဲ့ရာအပြန်တွင် ကစားမတော်တဆမှုဖြစ်ပွားခဲ့ပြီး နံရိုးကျိုးခဲ့ရသည်။ ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကိုမှာလည်း ပြီးခဲ့သည့်အပတ်က လေ့ကျင့်ရေးကွင်းမှ အပြန်တွင် ကားတိုက်မှုဖြစ်ပွားခဲ့သည်။ ထို့အပြင် အင်္ဂလန်ခရစ်ကတ်ကစားသမား ဘင်စတုခ်မှာ ညအချိန်မတော်တွင် ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် ပွဲပယ်ခံခဲ့ရသည်။

“ကိုယ်တိုင်တာဝန်ယူတာကို ကျွန်တော်နှစ်သက်ပါတယ်။ ကစားသမားတွေဟာ ကလေးတွေမဟုတ်ကြပါဘူး။ သူတို့က လူကြီးတွေပါ။ သူတို့မှာ မိသားစုရှိပါတယ်။ ကလေးတွေလည်း ရှိကြပါတယ်။ သူတို့ကိုယ်တိုင် မှန်ကန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုက အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။

ကစားသမားတွေအနေနဲ့ သူတို့ရဲ့အားလပ်ရက်မှာ ကိုယ့်ကိုကိုယ် တာဝန်ယူမှု ရှိရပါမယ်။ အသင်းအတွက်နဲ့ ကိုယ့်အတွက်အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ရပါမယ်” ဟု ကွန်တီက ပြောဆိုခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း အဂူရိုအနေဖြင့် ကားမတော်တဆဖြစ်မှုအတွက် တောင်းပန်နေစရာ မလိုကြောင်း ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly