ကားမတော်တဆမှုကြောင့် မန်စီးတီးတိုက်စစ်မှူးအဂူရို နံရိုးကျိုးဟု သတင်းထွက်

ကားမတော်တဆမှုကြောင့် မန်စီးတီးတိုက်စစ်မှူးအဂူရို နံရိုးကျိုးဟု သတင်းထွက်

 

စက်တင်ဘာ ၂၉၊ အမ်စတာဒမ်။                               ။ မန်စီးတီးတိုက်စစ်မှူး အဂူရိုသည် ကြာသပတေးညက အမ်စတာဒမ်တွင် ကားမတော်တဆဖြစ်ခဲ့ပြီး နံရိုးကျိုးသွားသည်ဟု သတင်းထွက်နေကြောင်း ဒေးလီးမေးလ်သတင်းတွင် ဖော်ပြထားသည်။

အဂူရိုသည် နယ်သာလန်တွင်ကျင်းပသော ကိုလံဘီယာအဆိုတော်နှင့်တေးရေးသူ Maluma ၏ ဖျော်ဖြေပွဲကိုသွားရောက်ခဲ့ပြီး လေဆိပ်သို့ အငှားယဉ်ဖြင့်အပြန်တွင် ကားမတော်တဆဖြစ်ခဲ့သည်ဟု အာဂျင်တီးနားသတင်းစာ Diairio Ole ကလည်း ဖော်ပြ ထားသည်။

အသက် ၂၉ နှစ်အရွယ် အဂူရိုအနေဖြင့် ကားစီးနင်းစဉ် ခါးပတ်ပတ်ထားသောကြောင့် ဒဏ်ရာပြင်းထန်ခြင်းမရှိဟု ယူဆရပြီး ဆေးရုံတွင် ကုသမှုခံယူနေသည်။

အဂူရိုမတော်တဆဖြစ်ခဲ့ခြင်းကို မန်စီးတီးအသင်းကလည်းအတည်ပြုခဲ့ပြီး သောကြာနေ့တွင်အသင်းဆရာဝန်များ၏အစီအစဉ်ဖြင့် ပြန်ခေါ်မည်ဟု ဆိုထားသည်။

အာဂျင်တီးနားတွင်ထွက်ပေါ်နေသည့်သတင်းများအရ တိုက်စစ်မှူးအနေဖြင့် ဒဏ်ရာကြောင့်နှစ်လအထိအနားယူရဖွယ်ရှိ နေကြောင်းသိရသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly