“တရုတ်ရုပ်ရှင်ပွဲတော်”ကို နေပြည်တော်နှင့် ရန်ကုန်တွင် ပြုလုပ်မည်

“တရုတ်ရုပ်ရှင်ပွဲတော်”ကို နေပြည်တော်နှင့် ရန်ကုန်တွင် ပြုလုပ်မည်

စက်တင်ဘာလ ၂၈ ။              ။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကြီးမှူးကျင်းပသည့် “တရုတ်ရုပ်ရှင်ပွဲတော်”ကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် နေပြည်တော်၊ အောင်သပြေရုပ်ရှင်ရုံနှင့် ရန်ကုန်မြို့၊ နေပြည်တော်ရုပ်ရှင်ရုံ၌ ကျင်းပမည်ဖြစ်သည်။

XuanZang ရုပ်ရှင်ကို ဖွင့်ပွဲရုပ်ရှင်ဇာတ်ကားအဖြစ် နေပြည်တော်၊ အောင်သပြေရုပ်ရှင်ရုံတွင် ပြသမည်ဖြစ်ပြီး XuanZang ဆရာတော် (Huang Xiaomingသရုပ်ဆောင်) မှာဇာတိနှင့်ဝေးရာတွင် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ပြီးနောက် ဓမ္မ၏စစ်မှန်သောသဘောကိုသိလာခဲ့ကာ အခက်အခဲများကို ကျော်ဖြတ်၍ အနောက်မဇ္ဈိမဒေသသို့ အရောက်သွားနိုင်ခဲ့ပုံကို ဖော်ကျူးပုံဖော်ထားသည့် ဇာတ်ကားကောင်းတစ်ကား ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Hong Liang နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် တက်ရောက်မည်ဖြစ်သည်။

နေပြည်တော်၊ အောင်သပြေရုပ်ရှင်ရုံတွင် အောက်တိုဘာလ ၂ ၊ ၄၊ ၆၊ ၈  ရက်များ၌ Kung Fu Yoga ၊ အောက်တိုဘာလ ၃ ရက်၊ ၅ ရက်နှင့် ၇ ရက်တွင် Xuan Zang ဇာတ်ကား ၂ ကား၊ ရန်ကုန်မြို့၊ နေပြည်တော်ရုံတွင် အောက်တိုဘာလ ၂ ၊ ၄၊ ၆၊ ၈  ရက်များ၌ Xuan Zang ဇာတ်ကား၊ အောက်တိုဘာလ ၃ ရက်၊ ၅ ရက်နှင့် ၇ ရက်တွင် Kung Fu Yoga ဇာတ်ကား ၂ကားအား တလှည့်စီ ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly