ဂျပန်အိမ်ရှေ့စံနှင့် ချီလီသမ္မတတို့ တွေ့ဆုံကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၁၂၀ ပြည့် ကျင်းပ

ဂျပန်အိမ်ရှေ့စံနှင့် ချီလီသမ္မတတို့ တွေ့ဆုံကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၁၂၀ ပြည့် ကျင်းပ

 

ဆန်တီယာဂို၊ စက်တင်ဘာ ၂၈ ။                ။ ချီလီနိုင်ငံ ဆန်တီယာဂိုမြို့တော်တွင် ဂျပန် အိမ်ရှေ့စံ အကီရှီနိုနှင့် ဇနီးဖြစ်သူ မင်းသမီး ကီကိုတို့က ချီလီသမ္မတနှင့် တွေ့ဆုံကာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ၁၂၀ ပြည့်မြောက်ကို စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပသည်။

ချီလီသမ္မတ ဘာချယ်လက်နှင့် ယင်းနိုင်ငံသို့ တရားဝင်အလည်အပတ်ရောက်ရှိနေသည့် ဂျပန် တော်ဝင်မောင်နှံတို့က La Moned Place သမ္မတနန်းတော်တွင် ကျင်းပသော ၁၉၈၇ ခုနှစ်က နှစ်နိုင်ငံကြား မိတ်ဖက်ပြုမှု၊ ကုန်သွယ်ရေးနှင့် ရေကြောင်းဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးသည့် နှစ် ၁၂၀ ပြည့်အခမ်းအနားကို ဦးဆောင်ကျင်းပကြခြင်းဖြစ်သည်။

နှစ်နိုင်ငံကြား အိမ်နီးချင်းဆက်ဆံရေးကောင်းကို ချီလီသမ္မတက အလေးအနက်ပြု ပြောကြားကာ မတူညီသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အမွှမ်းတင်ပြောဆိုသည်။

“ကျွန်မတို့ရဲ့ လွှတ်တော်နှစ်ရပ်ကြား ခိုင်မာတဲ့ဆက်ဆံရေးက ရင်းနှီးမှုက လာတာပ။ ယဉ်ကျေးမှုချင်း ကူးလူးမှု ရှိနေတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နက္ခတ္တဗေဒ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတွေမှာ ဂျပန်လုပ်ငန်းတွေရဲ့ ထင်သာမြင်သာ အထောက်အပံ့တွေ ရနေတယ်။”ဟု ဘာချယ်လက်က ပြောသည်။

ချီလီသမ္မတက သဘာဝဘေး တားဆီးကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးတို့ကို အသားပေးပြောပြီး နှစ်နိုင်ငံစလုံးသည် ငလျင်ဘေးများ မကြာခဏကြုံရကာ ငလျင်ပျက်ဆီးမှုများနှင့် ဆူနာမီ ဖြစ်ပေါ်မှုများကို ခံစားရလေ့ရှိသည့်  နိုင်ငံများဖြစ်ကြောင်း ဆိုသည်။

ချီလီနိုင်ငံတွင် ၂၀၁၀ ဖေဖော်ဝါရီအတွင်း အင်အား ၈ ဒဿမ ၈ အဆင့်ရှိ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာတွင် ပထမဆုံးအကူအညီ အထောက်အပံ့များ ပေးပို့သည့် နိုင်ငံများတွင် ဂျပန်နိုင်ငံလည်း ပါဝင်ကြောင်း သမ္မတက ပြန်ပြောင်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags