ခေတ်မီဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင်ကုန်ပစ္စည်းပြပွဲ Myanmar Build & Decor 2017 စတင်ကျင်းပ

ခေတ်မီဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင်ကုန်ပစ္စည်းပြပွဲ Myanmar Build & Decor 2017 စတင်ကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၈ ။                 ။ ခေတ်မီဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင်ကုန်ပစ္စည်းပြပွဲ (Myanmar Build & Decor 2017 )ကို ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့က ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မ လမ်းနှင့် အောင်သိဒ္ဓိလမ်းထောင့်ရှိ MEP တွင် စတင်ကျင်းပနေပြီး၊ လာ ရောက်ကြည့်ရှုလေ့လာသူများနှင့် စည်ကားလျှက်ရှိသည်။

ယင်းပြပွဲကြီးတွင် ခေတ်မီဆောက်လုပ်ရေး ပစ္စည်းများ၊ သိပ္ပံနည်းစနစ်ဖြင့် အနုပညာဆန် စွာ ထုတ်လုပ်ထားသော အိမ်တွင်းအလှဆင် အသုံးအဆောင်ပစ္စည်းများနှင့် အိမ်သုံး၊ ရုံးသုံး ပရိဘောဂ များ စုစုပေါင် အမျိုးအစား ၂၀ ကို စုံလင်စွာ ခင်းကျင်းပြသထားပြီး၊ ထိုင်းနိုင်ငံ အခြေစိုက် SCG ကုမ္ပဏီမှ ထုတ်လုပ်သည့်ပစ္စည်းများကို မြင်တွေ့ရမည်ဖြစ်သည်။

"ကျွန်မတို့ SCGကတော့ အဓိကပြတဲ့ကုန် ပစ္စည်းက ဘိလပ်မြေပေါ့နော်။ ပြီးတော့ အိမ်ဆောက်ပစ္စည်း တွေ ၂၀ လောက်ပြ ထားတယ်၊ ဘိလပ်မြေက မြန်မာနိုင်ငံမှာ ထုတ်လုပ်တာ၊ အရည်အသွေးမြင့် ဘိလပ်မြေ တစ်မျိုးပါ၊ ဒီပွဲကို လာဖို့ဖိတ်ခေါ်ပါတယ်၊ ဒီပြ ပွဲမှာ ပြသထားတဲ့ ခေတ်မီဆောက်လုပ်ရေး ပစ္စည်းတွေ၊ အိမ်တွင်းအလှဆင်ပစ္စည်းတွေက တစ်ကယ်ဆန်းပြားပါတယ်၊ ဗိသုကာပညာ ရှင်တွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ အတွေ့ အကြုံဖလှယ်ခွင့်ရမယ့် ပွဲလေးပါ" ဟု SCG Co.,Ltd မှ Marketing Supervisor ဒေါ်မေဇင်ခိုင်က ပြောသည်။

ယင်းပြပွဲကြီးကို စက်တင်ဘာ ၂၈၊ ၂၉၊ ၃၀ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ယနေ့စတင်ဖွင့်လှစ်သည့်နေ့တွင် ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ လာရောက် လေ့လာလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required