အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက ဘေးသင့်ပြည်သူများအတွက် ဒေါ်လာ ၃ သန်း ကူညီ

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီက ဘေးသင့်ပြည်သူများအတွက် ဒေါ်လာ ၃ သန်း ကူညီ

အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ၏ ငြိမ်းချမ်းရေးအတွက် ရိက္ခာရုံးက ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP မှတစ်ဆင့် မြန်မာရေဘေးသင့်သူများအား ကူညီရန် ကန်ဒေါ်လာ ၃ သန်း ကူညီလိုက်သည်။

ဒေသထွက် ဆန် ၃ မက်ထရစ်တန်ချိန်ကျော်၊ ဆားနှင့် သီးနှံဆီများကို မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းအသီးသီးမှ ရေဘေးသင့်ပြည်သူများထံ ကူညီသွားမည်ဟု ရန်ကုန်မြို့ အမေရိ ကန်သံရုံးက သြဂုတ် ၁၄ တွင် ထုတ်ပြန်သည်။

ယခုငွေ အပါအဝင် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၄ ဒသမ ၅ သန်း လှူဒါန်းခဲ့ပြီဖြစ်ပြီး ဘေးသင့်လူပေါင်း ၂၅၀,၀၀၀ ဦးအတွက် ဖြစ်သည်ဟု ဆိုသည်။

အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က "မြန်မာနိုင်ငံအခုလို ဘေးဒုက္ခခံစားနေရတဲ့ ဒီလိုအ ချိန်မျိုးမှာ USAID က အရေးပေါ်အကူအညီတွေကို အပြည့်အဝ ထောက်ကူပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန် သံရုံးအနေနဲ့လည်း ကျနော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အခြေအနေတွေကို အနီးကပ် ဆက်လက် စောင့်ကြည်သွားမှာဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် အကောင်းဆုံးဆောင်ရွက် သွားမှာပါ" ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly