နောက်ခံလူ ဗာရန်း ရီးယဲလ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး

နောက်ခံလူ ဗာရန်း ရီးယဲလ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း နောက်ခံလူ ဗာရန်းဟာ အသင်းမှာ ၂၀၂၂ ခုနှစ် ဇွန် ၃၀ အထိဆက်ရှိနေမယ့် သက်တမ်းတိုး စာချုပ်အတွက် လာလီဂါချန်ပီယံနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း စပိန်ကလပ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ပြင်သစ်နောက်ခံလူဟာ ဇွန် ၂၀၁၁ ခုနှစ်က ရီးယဲလ်အသင်းကို ရောက်ရှိခဲ့ပြီး ၎င်းရဲ့ လက်ရှိစာချုပ်မှာ ၂၀၂၀ ဇွန်လအထိဖြစ်ပါတယ်။

"ရီးယဲလ်မက်ဒရစ်ကလပ်အသင်းနှင့် ဗာရန်းတို့ဟာ ကလပ်အသင်းမှာ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်အထိ ရှိနေမယ့် ကစားသမားရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ သဘောတူညီခဲ့ပါတယ်။"လို့ ရီးယဲလ်အသင်းက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ နောက်ခံလူရဲ့ သက်တမ်းတိုးစာချုပ်ရဲ့ တရားဝင် အခမ်းအနားကို ကြာသပတေးနေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဘာနေဗျူးကွင်းရဲ့ သတင်းခန်းမထဲမှာ မီဒီယာတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဗာရန်းဟာ မာဆယ်လို၊ အစ္စကို၊ ကာဗာဟဲလ်၊ ဘန်ဇီမာတို့ပြီးနောက် ယခုနှစ်အတွင်း ရီးယဲလ်အသင်းနှင့် ကာလရှည်စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags