မန်စီးတီးအသင်း ဇန်နဝါရီတွင် ငွေထပ်သုံးဖွယ်ရှိဟု ဂွာဒီယိုလာဝန်ခံ

မန်စီးတီးအသင်း ဇန်နဝါရီတွင် ငွေထပ်သုံးဖွယ်ရှိဟု ဂွာဒီယိုလာဝန်ခံ

စက်တင်ဘာ ၂၇၊ မန်ချက်စတာ။            ။ ဒူးဒဏ်ရာကြောင့်နောက်ခံလူမန်ဒီ လပိုင်းခန့်အနားယူရဖွယ်ရှိသည်ကိုစိုးရိမ်နေသော မန်စီးတီးနည်းပြဂွာဒီယိုလာက ဇန်နဝါရီ၌ ငွေထပ်သုံးဖွယ်ရှိနေသည်ဟု ဝန်ခံပြောဆိုလိုက်သည်။

မန်ဒီသည် မန်စီးတီးအသင်း ခုနစ်ပွဲဆက်တိုက်နိုင်သည့် ရလဒ်အဖြစ် ချန်ပီယံလိဂ်ပွဲတွင်ရှက်တာဒိုးနက်ကို ၂-၀ ဖြင့်အနိုင်ရသည့် ပွဲ၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ပြင်သစ်နောက်ခံလူသည် ဂွာဒီယိုလာသဘောကျသည့်အထူးကုဒေါက်တာ ရေမွန်ကူဂျက်ရှိရာ ဘာစီလိုနာသို့ယနေ့သွားရောက် မည်ဖြစ်ပြီး စီးတီးနည်းပြဂွာဒီယိုလာက ဇန်နဝါရီတွင် ဘယ်နောက်ခံလူသစ်ထပ်ဝယ်ဖွယ်ရှိသည်ဟု ပြောသည်။

“ဘာစီလိုနာကိုသွားမှာဖြစ်ပြီး အခြေအနေဘယ်လိုလဲ ကြည့်ရမှာပါ။ ကျွန်တော်တို့ဦးစားပေးဖြစ်စေချင်တာကတော့ ဒဏ်ရာ ထင်သလောက်မကြီးစေဖို့ပါ။

သူ့အတွက်တော့ ပုဂ္ဂိုလ်ရေးအရ တော်တော်လေးစိတ်ပျက်စရာပါ။ မနှစ်တုန်းက ဂွမ်ဒိုဂန်တုန်းက ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရသလိုပေါ့။ ကျွန်တော်တို့အားလုံးသူ့ကို အရမ်းသတိရနေမှာပါ။

ဇန်နဝါရီမှာ ကျွန်တော်တို့ဘာလုပ်နိုင်မလဲကြည့်ရမယ်။ လာမယ့်နွေမှာ နောက်ထပ်ဘယ်နောက်တန်းတစ်ယောက်အတွက် ကျွန်တော်တို့စဉ်းစားရမယ်။ အဲဒီနေရာမှာကစားနိုင်တာ ကျွန်တော်တို့မှာ ဒါနီလို၊ ဒဲလ်ဖ်နဲ့ ဇင်ချန်ကိုတို့လည်းရှိလို့ ကျွန်တော်တို့ စောင့်ကြည့်ရမယ်”ဟု ဂွာဒီယိုလာကပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly