ပရီးမီးယားလိဂ်တွင် အဂူရိုတစ်ဦးတည်းသာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးဟု အွန်နရီပြော

ပရီးမီးယားလိဂ်တွင် အဂူရိုတစ်ဦးတည်းသာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးဟု အွန်နရီပြော

စက်တင်ဘာ ၂၆၊ လန်ဒန်။           ။ ပရီးမီးယားလိဂ်သမိုင်းတွင်ယခင်ကမကြုံခဲ့ဖူးသောပုံစံများအဖြစ် ဟာရီကိန်း၊ အယ်ဗာရို မိုရာတာ၊ ရိုမယ်လူ လူကာကူတို့ ခြေစွမ်း ပြနေသော်လည်း အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီကမူ အဂူရိုတစ်ဦးတည်းသာ ကမ္ဘာ့အဆင့်တိုက်စစ်မှူး ဖြစ်သည်ဟု လက်ခံထားသည်။

လက်ရှိရာသီတွင်ပွဲများစွာကစားရန်ရှိနေသည့် မန်စီးတီးအသင်းအတွက် ၆ ဂိုးသွင်းထားသည့် အဂူရို၏ လက်ရှိခြေစွမ်းပိုင်း ကြောင့်သာမက ယခင်ကရရှိခဲ့သည့်အောင်မြင်မှုများကြောင့် ယခုကဲ့သို့ပြောဆိုရခြင်းဖြစ်သည်ဟု ပြင်သစ်လူမျိုးကဆိုသည်။

စကိုင်းစပို့စ်တွင် သုံးသပ်သူအဖြစ်ပြောဆိုစဉ် ဖာဒီနန်က “လက်ရှိတစ်ဦးတည်းသော ကမ္ဘာ့အဆင့်ကစားသမား ဒါမှမဟုတ် ကမ္ဘာ့ အဆင့်ဖြစ်ခဲ့ဖူးသူဆိုရင် အဂူရိုလို့ပြောရမှာပဲ။ နှစ်တိုင်းနှစ်တိုင်းလိဂ်မှာ သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့်ဖြစ်ပါတယ်။

ဖလားလည်းရခဲ့တယ်။ ခြေစွမ်းကိုလည်းကြာရှည်ထိန်းထားနိုင်တယ်။ သူ့ကို ဂုဏ်ပြုသင့်ပါတယ်။ တစ်ခါတရံကျတော့ ကျွန်တော် တို့အနေနဲ့ သူမရခဲ့ဖူးတဲ့ ဂုဏ်ပြုတာတွေလုပ်ပေးသင့်တယ် ထင်ပါတယ်”ဟု ပြောသည်။

အခြားတိုက်စစ်မှူးများအနက် လူကာကူနှင့် မိုရာတာတို့သည် နွေရာသီ၌မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့ထံ ပြောင်းလာပြီးနောက် အသီးသီးခြေစွမ်းပြလျှက်ရှိသည်။

ပြီးခဲ့သည့်နှစ်ရာသီက ပရီးမီးယားလိဂ်ထိပ်သီးဂိုးသွင်းသူဖြစ်ခဲ့သည့် ကိန်းသည်လည်း အင်္ဂလန်၏နံပါတ်တစ်တိုက်စစ်မှူးအဖြစ် ကိုယ့်ကိုယ်ကိုယ်တည်ဆောက်လျှက်ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags