စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် ဆောက်သမ်တန်အသင်းနှင့် ပွဲစဉ်မှာ ကွင်းလယ်ဒိုင်မှ ကွင်းအတွင်းမှ ထွက်ခွာရန် ညွှန်ကြားခံခဲ့ရတဲ့ နည်းပြမော်ရင်ဟိုဟာ အက်ဖ်အေရဲ့ အရေးယူမှုကို ထပ်မံကျခံရတော့မှာမဟုတ်ကြောင်း သိရပါတယ်။
မန်ယူနည်းပြမော်ရင်ဟိုဟာ ဆောက်သမ်တန်အသင်းနှင့်ပွဲစဉ်မှာ စည်းကြပ်ဒိုင်အား စောဒကတက်ကာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ အခြေအနေကြောင့် ပွဲကြည့်စင်ပေါ်ကို သွားရောက်ရန် ကွင်းလယ်ဒိုင်မှ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ဒိုင်ရဲ့ အစီရင်ခံစာကို လက်ခံရရှိပြီးနောက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က နောက်ထပ် အရေးယူဖို့ မလိုက်အပ်တော့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ရာသီကလည်း သီးခြားဖြစ်ရပ်များအတွက် အက်ဖ်အေမှ နှစ်ပွဲ ကြီးကြပ်ခွင့် ပိတ်ပင်ခံခဲ့ပါတယ်။
Ref; BBC