မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်တွင် မီးလောင်မှုကြောင့် နေအိမ် ၅ လုံး ဆုံးရှုံး

မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်တွင် မီးလောင်မှုကြောင့် နေအိမ် ၅ လုံး ဆုံးရှုံး

 

ရန်ကုန်၊ စက်တင်ဘာလ ၂၄ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ ယုဇန(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိ နေအိမ် ၅ လုံးမီးလောင်ဆုံးရှုံးခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက်၊ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန်တွင်မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ ယုဇန(၁)လမ်းရှိ နေအိမ်တစ်အိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မီးသတ်ဖွဲ့ဝင်အင်အား (၂၅၅) ဦးတို့ကအုပ်ချုပ် မှုယာဉ် (၄)စီး၊ မီးသတ်ယာဉ်(၂၅) စီးတို့ဖြင့်သွားရောက် ငြိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီအချိန်တွင် မီးငြိမ်း သတ်နိုင်ခဲ့သော်လည်း လူနေအိမ် ၅ လုံးမှာမီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းသည့် အကြောင်းရင်းအား မီးသတ်ဦးစီးဌာနမှ စစ်ဆေးလျက်ပြီး မြောက်ဥက္က လာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မီးလောင်ရာအနီးပတ်ဝန်းကျင်တွင် လုံခြုံရေးဆောင်ရွက်နေကြောင်း သိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly