အပြောင်းအရွှေ့ပိတ်ပင်ခံရသည့်အတွက် အက်သလက်အသင်းပိုမိုတိုးတက်လာဟု ဆီမြွန်နီဆို

အပြောင်းအရွှေ့ပိတ်ပင်ခံရသည့်အတွက် အက်သလက်အသင်းပိုမိုတိုးတက်လာဟု ဆီမြွန်နီဆို

 

စက်တင်ဘာ ၂၄၊ စပိန် ။               ။ အပြောင်းအရွှေ့ပိတ်ပင်ခံခဲ့ရသောကြောင့် အသင်းရှိကစားသမားများကိုသာ တိုးတက်အောင် ပြုလုပ်ခဲ့ရသည့်အတွက် အက်သလက်တီကိုအသင်း၏ခြေစွမ်းမှာ ပိုမိုကောင်းမွန်လာကြောင်း နည်းပြဆီမြွန်နီက ပြောဆိုလိုက်သည်။

အက်သလက်တီကိုအသင်းသည် အသက် ၁၈ နှစ်အောက် ပြည်ပကစားသမားများ ခေါ်ယူရာတွင် စည်းမျဉ်းများ ချိုးဖောက်ခဲ့သည့်အတွက် ဖီဖာက ၂၀၁၇ ခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ဝယ်ယူမှုအား ပိတ်ပင်ခဲ့သည်။

သို့သော် ဆီမြွန်နီ၏အသင်းသည် ပြီးခဲ့သည့်စနေနေ့က ဆီဗီလာကို အနိုင်ရရှိခဲ့ပြီး လာလီဂါအမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

“ကျွန်တေ်ာတို့ဟာ အနုတ်လက္ခဏာကို အပေါင်းလက္ခဏာတစ်ခုဖြစ်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ ကစားသမားသစ်မဝယ်နိုင်လို့ အသင်းကရှိရင်းစွဲကစားသမားတွေအပေါ်ကိုပဲ ပိုအာရုံစိုက်ပြီး အလုပ်လုပ်ခဲ့လို့ အသင်းက ပိုကောင်းလာခဲ့ပါတယ်။ သောမတ်စ်၊ လူစီယာနိုဗီယက်တို၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ ကော်ရီရာတို့ပိုကောင်းလာလို့ အသင်းက အခုဆိုရင် ပထမကစားသမားနေရာအတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာရပါပြီ” ဟု ဆီမြွန်နီက ပြောဆိုခဲ့သည်။

အက်သလက်တီကိုအသင်းသည် ချယ်လ်ဆီးတိုက်စစ်မှူးဒီယေဂိုကော်စတာကို အသင်းသို့ပြန်လည်ခေါ်ယူထားပြီး လာမည့်ဇန်နဝါရီတွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly