ရမ်ဆေးနှင့် ဝဲလ်ဘတ်တို့ကို စာချုပ်သက်တမ်းတိုးရန် အာဆင်နယ် ဆွေးနွေးနေ

ရမ်ဆေးနှင့် ဝဲလ်ဘတ်တို့ကို စာချုပ်သက်တမ်းတိုးရန် အာဆင်နယ် ဆွေးနွေးနေ

စက်တင်ဘာ ၂၃၊ လန်ဒန်။              ။ အာဆင်နယ်အသင်းသည် အသင်း၏ အဓိက ကစားသမားနှစ်ဦးဖြစ်သော အာရွန်ရမ်ဆေးနှင့် ဒန်နီ်ဝဲလ်ဘတ်တို့ကို စာချုပ်သက်တမ်းတိုးရန်အတွက်   ဆွေးနွေးမှုများပြုလုပ်နေသည်။

ယင်းကစားသမားနှစ်ဦးမှာ အာဆင်နယ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးရန် ၁၈လ ကျန်ရှိနေသေးသော်လည်း အာဆင်နယ်အသင်းက သက်တမ်းတိုးစာချုပ်ရန်အတွက် ကြိုတင်ဆွေးနွေးမှုများပြုလုပ်နေခြင်းဖြစ်သည်။ ဝေးလ်လက်ရွေးစင်ကစားသမား ရမ်ဆေး၏ လက်ရှိလစာမှာ တစ်ပတ် ပေါင် ၁၁၀၀၀၀ ဖြစ်ပြီး စာချုပ်သစ်အတွက်ကစားသမားက တစ်ပတ် ပေါင် ၁၅၀၀၀၀ တိုးမြှင့်တောင်းဆိုထားသလို ဝဲလ်ဘတ်ကလည်း တစ်ပတ်လစာ ပေါင် ၇၀၀၀၀ မှ ပေါင် ၁၀၀၀၀၀ တိုးတောင်းထားသည်။

ရမ်ဆေးမှာ ၂၀၀၈ခုနှစ်ကတည်းက ကာဒစ်စီးတီးအသင်းမှ အာဆင်နယ်သို့ပြောင်းရွှေ့လာကာ အသင်းအတွက် ၂၁၅ပွဲကစားထားပြီး သွင်းဂိုး ၃၀ သွင်းယူပေးထားနိုင်သည်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဝဲလ်ဘတ်မှာ ၂၀၁၄တွင် မန်ယူမှအာဆင်နယ်သို့ပြောင်းရွှေ့လာကာ အသင်းအတွက် ၅၂ပွဲကစားထားပြီး ၁၃ဂိုးသွင်းယူပေးထားနိုင်သည်။ အာဆင်နယ်အသင်းသည် လာမည့်နှစ်ဘောလုံးရာသီတွင် အဓိက ကစားသမားနှစ်ဦးဖြစ်သော ဆန်းချက်ဇ်နှင့်အိုဇေးလ်တို့ကို ဆုံးရှုံးဖွယ်ရှိနေသည့်အတွက် ကျန်အဓိက ကစားသမားများကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly