ဝေဖန်မှုတွေ ရှိနေပေမယ့် ဒုံးကျည်စွမ်းရည်ကို မြှင့်တင်သွားမည်ဟု အီရန်သမ္မတ ကြံုးဝါး

By AFP
22 September 2017
ဝေဖန်မှုတွေ ရှိနေပေမယ့် ဒုံးကျည်စွမ်းရည်ကို မြှင့်တင်သွားမည်ဟု အီရန်သမ္မတ ကြံုးဝါး

 

စက်တင်ဘာ ၂၂ ။            ။ အမေရိကန်နှင့် ပြင်သစ်တို့၏ ပြင်းထန်သည့် ဝေဖန်ပြစ်တင်မှုများနှင့် ကြုံတွေ့နေရလင့်ကစား နိုင်ငံတွင် ပဲ့ထိန်းဒုံးကျည်စွမ်းရည်များကို မြှင့်တင်သွားမည်ပင်ဖြစ်ကြောင်း အီရန် သမ္မတ ဟာဆန် ရိုဟာနီက စက်တင်ဘာ ၂၂ ရက်တွင် ကြုံးဝါးပြောဆိုလိုက်သည်။

" ခင်ဗျားတို့ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ကျုပ်တို့ကတော့ ကျုပ်တို့ရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ရမှာပဲလေ" ဆိုပြီး ရုပ်သံက တိုက်ရိုက်လွှင့်သွားသည့် မိန်းခွန်းတစ်ရပ်တွင် ထည့်သွင်းပြောဆိုသွားသည်။

" ကျုပ်တို့ရဲ့ ဒုံးကျည်တွေအပြင်သာမက လေတပ်၊ ကြည်းတပ်၊ ရေတပ် အင်အားတွေကို တိုးမြင့်သွားမှာဖြစ်ပါတယ်၊ ကိုယ့်နိုင်ငံ ကာကွယ်ဖို့အတွက် တကယ်တမ်း လိုအပ်လာရင် ကျွန်တော်တို့ ဘယ်သူဆီကမှ ခွင့်ပြုချက် ယူသွားမှာမဟုတ်ပါဘူး" အီရန် သမ္မတက ပြောသွားသည်။

အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား ၂၀၁၅ ခုနှစ်က နျူကလီးယားသဘောတူညီချက်တစ်ခု ရရှိထားခဲ့ပေမယ့် လက်ရှိအချိန်တွင် ဒုံးကျည်အစီအစဉ်များ အီရန်တို့ တိုးမြင့်လုပ်ဆောင်နေခြင်းအပေါ် အမေရိကန်သမ္မတ ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ထားခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly