ရန်ကုန်၊ စက်တင်ဘာလ ၂၁ ။ ။ YBS ခရီးသည်ယာဉ်ပေါ်မှ ခါးပှိုက်နှိုက်မှုဖြင့် ဖမ်းဆီးရမိသူအား စစ်ဆေးရာမှ နှစ်လအတွင်း လက်ကိုင်ဖုန်း ၄ လုံး နှိုက်ယူရောင်းချခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ကျူးလွန်ခဲ့သူမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေအသက် ၂၉ နှစ်အရွယ် ကြည်လွင် ဆိုသူဖြစ်ပြီး YBS ခရီးသည်ယာဉ်များပေါ်တွင် ကျူးလွန်ခဲ့သူဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ဆေးချက်အရ ဇူလိုင်လအတွင်း YBS ၄၄ ပေါ်ပါ ခရီးသည် အမျိုးသမီး ထံမှ Mi ဖုန်းတစ်လုံး၊ အမျိုးသား တစ်ဦးထံမှ Huawei ဖုန်းတစ်လုံး၊ သြဂုတ်လအတွင်းကလည်း YBS ၄၁ ပေါ်မှ အမျိုးသားတစ်ဦး၏ ဘောင်းဘီအိတ်အတွင်းမှ Samsung ဖုန်းတစ်လုံး၊ အမျိုးသမီးတစ်ဦး၏ လက်ဆွဲခြင်းအတွင်းမှ ထည့်ထားသော Oppo ဖုန်းတစ်လုံးအား နှိုက်ယူရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထိုသို့ YBS ခရီးသည်ယာဉ်များပေါ်မှ လက်ကိုင်ဖုန်းများကို နှိုက်ယူရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သဖြင့် ကြည်လွင်အား ထောက်ကြန့်နယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ သက်သေခံပစ္စည်းများပြန်လည် သိမ်း ဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းရဲတပ်ဖွဲ့မှ ရပ်တန့်ထားသောကားများမှ Vivo Y5၊ Huawei Y 7 Prime၊ Oppo A33 FW၊ Huawei G525 ဖုန်း ၄ လုံး ခိုးယူခဲ့သူစမ်းချောင်းမြို့နယ်နေ မင်း မင်း(ခ) ဇင်မင်းလတ်အား လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ပါရမီလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။