ရေနံတင်သင်္ဘောကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တဲ့ အင်ဒို ပင်လယ်ဓားပြ ၁၁ ဦးကို မလေးရှား ထောင်ချအပြစ်ပေး

By AFP
21 September 2017
ရေနံတင်သင်္ဘောကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တဲ့ အင်ဒို ပင်လယ်ဓားပြ ၁၁ ဦးကို မလေးရှား ထောင်ချအပြစ်ပေး

စက်တင်ဘာ ၂၁ ။           ။ မလေးရှားကမ်းရိုးတန်း အပြင်ဘက် ပင်လယ်ပြင်မှာ ရေနံတင်သင်္ဘောတစ်စင်းကို အပိုင်စီးဖို့လုပ်ခဲ့တဲ့ အင်ဒိုနီးရှားက ပင်လယ်ဓားပြ ၁၁ ဦးကို ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်လိုက်ကြောင်း မလေးရှားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ အင်ဒို ပင်လယ်ဓားပြတွေဟာ စက်တင်ဘာလ အစောပိုင်းတုန်းက မလေးရှားကျွန်းဆွယ် ပင်လယ်ပြင်မှာ ဒေါ်လာ ၁ ဒသမ ၇ သန်းတန်ဖိုးရှိ ဒီဇယ်တွေ တင်ဆောင်လာတဲ့ ထိုင်းအလံလွှင့်ထားတဲ့ သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲ အပိုင်စီးဖို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

၎င်း ပင်လယ်ဓားပြတွေဟာ သင်္ဘောကို အပိုင်စီးသွားနိုင်ခဲ့ပေမယ့်လည်း မလေးရှားကမ်းခြေစောင့်ကွန်မန်ဒိုတွေက ဟယ်လီကော်ပတာနဲ့ လိုက်ပြီး ဓားပြတွေလက်ထဲကနေ သင်္ဘောကို ပြန်လည်ထိန်းချုပ်ရယူလိုက်နိုင်တာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်မှာတော့ သင်္ဘောပေါ်က ထိုင်း သင်္ဘောသား ၁၄ ဦးစလုံး ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြဘူးလို့လည်း သိရပါတယ်။

ယခုအခါ အဆိုပါ သင်္ဘောကို အပိုင်စီးဖို့ လုပ်ခဲ့တဲ့ အင်ဒို ပင်လယ်ဓားပြ ဆယ်ဦးနဲ့ အဓိကကြိုးကိုင်ခဲ့သူ တစ်ဦးတို့ကို မလေးရှားတရားရုံးတစ်ခုက စက်တင်ဘာ ၂၀ ရက်ကပဲ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly