ရွန်နီ၏ ဒဏ်ငွေအား ဒေသတွင်း ပရဟိတလုပ်ငန်းများဆောင်ရွက်ရန် အဲဗာတန်လှူဒါန်း

ရွန်နီ၏ ဒဏ်ငွေအား ဒေသတွင်း ပရဟိတလုပ်ငန်းများဆောင်ရွက်ရန် အဲဗာတန်လှူဒါန်း

စက်တင်ဘာ ၂၁၊ အင်္ဂလန် ။            ။ အဲဗာတန်အသင်းသည် ရွန်နီအား ပြစ်ဒဏ်ချမှတ်ထားသည့် ဒဏ်ငွေ ပေါင် ၃ သိန်းအား ဒေသတွင်းပရဟိတလုပ်ငန်းများ လုပ်ဆောင်ရန် လှူဒါန်းခဲ့သည်။

အရက်မူးပြီးကားမောင်းခဲ့သည့်အတွက် ရွန်နီအား Stockport Magistrates တရားရုံးမှ ကားမောင်းခွင့်လိုင်စင် ၂ နှစ်ပိတ်ပင်ခဲ့ပြီး လူမူရေးလုပ်ငန်းများ၌ နာရီ ၁၀၀ လုပ်အားပေးရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ရွန်နီ၏ လုပ်ရပ်အတွက် အဲဗာတန်အသင်းကလည်း ဒဏ်ငွေပေါင် ၃ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အဲဗာတန်အသင်းက ထိုဒဏ်ငွေ ၃ သိန်းကို ဒေသတွင်းပရဟိတအလုပ်များလုပ်ရန် လှူဒန်းခဲ့ခြင်း ဖြစ်သည်။

ရွန်နီက ၎င်း၏လုပ်ရပ်မှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ဆိုခဲ့ပြီး အဲဗာတန်အသင်းပိုင်ရှင်၊ နည်းပြကိုးလ်မန်းနှင့် အဲဗာတန်အသင်းနှင့်သက်ဆိုင်သူအားလုံးကို တောင်းပန်ခဲ့သည်။ ထို့အပြင် မိသားစုဝင်များနှင့် ၎င်းအား ကစားသမားဘဝတစ်လျှောက်လုံးအားပေးခဲ့သည့် ပရိသတ်များကိုလည်း ရွန်နီက တောင်းပန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly