စက်တင်ဘာ ၂၁၊ အင်္ဂလန် ။ ။ ကာရာဘာအိုအားဖြည့်အချိုရည်က စပွန်ဆာပေးထားတဲ့ အင်္ဂလန်လိဂ်ရှုံးထွက်ဖလား စတုတ္ထအဆင့်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီစတုတ္ထအဆင့် ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ ပွဲကျပ်နေကြပြီး ကျန်အသင်းကြီးတွေကတော့ ပွဲချောင်လျက်ရှိနေပါတယ်။
စပါးအသင်းက ဝက်စ်ဟမ်းအသင်းနဲ့တွေ့ဆုံနေပြီး ချယ်လ်ဆီးကတော့ အဲဗာတန်နဲ့တွေ့ဆုံနေတာဖြစ်ပါတယ်။ သူတို့နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်အသင်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပေမယ့် အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်လို့ အသာရမှုတော့ ရှိနေပါတယ်။
အခြားပွဲစဉ်တွေမှာတော့ လက်ရှိချန်ပီယံမန်ယူက ဆွမ်ဆီးနဲ့တွေ့ဆုံနေပြီး အာဆင်နယ်နဲ့နောဝှစ်၊ မန်စီးတီးနဲ့ဝုဗ်တို့တွေ့ဆုံ လျက်ရှိနေပါတယ်။ အာဆင်နယ်နဲ့မန်စီးတီးတို့က အိမ်ကွင်းမှာ အသင်းငယ်တွေနဲ့ကစားရမှာဖြစ်လို့ ပွဲချောင်နေပေမယ့် မန်ယူကတော့ ဆွမ်ဆီးကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ နည်းနည်းတော့ ရုန်းကန်ရဦးမှာဖြစ်ပါတယ်။
အခြားပွဲစဉ်တွေမှာတော့ ဘရစ္စတိုးနဲ့ ခရစ္စတယ်ပဲလေ့စ်၊ လက်စတာနဲ့လိဒ်ယူနိုက်တက်၊ ဘုန်းမောက်နဲ့မစ်ဒယ်ဘရော့တို့ တွေ့ဆုံနေကြပါတယ်။
အင်္ဂလန်လိဂ်ရှုံးထွက်ဖလားတတိယအဆင့် ရလဒ်များ
------------------------------------------------------
လက်စတာ ၂-၀ လီဗာပူးလ်
ဘရန့်ဖို့ဒ် ၁-၃ နောဝှစ်ချ်
ဝုဗ် ၁-၀ ဘရစ္စတိုး
ဘန်လေ ၂-၂ လိဒ်ယူနိုက်တက်
(ပင်နယ်တီ ၃-၅ ဂိုးဖြင့် လိဒ်ယူနိုက်တက်နိုင်)
ဘရစ္စတိုး ၂-၀ စတုခ်စီးတီး
ဗီလာ ဝ-၂ မစ်ဒယ်ဘရော့
ဝက်စ်ဟမ်း ၃-၀ ဘော်လ်တန်
ပဲလေ့စ် ၁-၀ ဟက်ဒါဖီးလ်
ဘုန်းမောက် ၁-၀ ဘရိုက်တန်
ရီးဒင်း ဝ-၂ ဆွမ်ဆီး
စပါး ၁-၀ ဘန်စလေ
အဲဗာတန် ၃-၀ ဆန်းဒါးလန်း
အာဆင်နယ် ၁-၀ ဒွန်ကက်စတာ
ချယ်လ်ဆီး ၅-၁ နော်တင်ဟမ်ဖောရက်စ်
ဝက်စ်ဘရွန်း ၁-၂ မန်စီးတီး
မန်ယူ ၄-၁ ဘရိုက်တန်
ရည်ညွှန်း စကိုင်းစပို့