17 Golden Boy ဆုအတွက် ဒမ်ဘီလီ၊ အမ်ဘတ်ပီ၊ ဂျီးဆပ်နှင့်ရက်ရှ်ဖို့ဒ်တို့ ဦးဆောင်

17 Golden Boy ဆုအတွက် ဒမ်ဘီလီ၊ အမ်ဘတ်ပီ၊ ဂျီးဆပ်နှင့်ရက်ရှ်ဖို့ဒ်တို့ ဦးဆောင်

စက်တင်ဘာ ၂၀ ။           ။ 2017  Golden Boy ဆုအတွက် ဆန်ခါတင် ၂၅ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာတွင် ဒမ်ဘီလီ၊ အမ်ဘတ်ပီ၊ ဂျီးဆပ်နှင့် ရက်ရှ်ဖို့တို့ ဦးဆောင် ပါဝင်ခဲ့ကြသည်။

Golden Boy ဆုသည် ၂၀၀၃ ခုနှစ်က စတင်ပြီး အသက် ၂၁ နှစ်အောက် ကစားသမားများကို ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ထိုဆုကို လက်ရှိဆွမ်ဆီးတွင် ကစားနေသည့် ပေါ်တူဂီလက်ရွေးစင်ကစားသမား ရီနာတိုဆန်းချက်ဇ်က ရရှိခဲ့သည်။

ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်းနှင့် ပြင်သစ်အမှတ်ပေးချန်ပီယံဆုကိုရရှိခဲ့ပြီး ပီအက်စ်ဂျီသို့ ပေါင် ၁၆၈ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည့် အမ်ဘတ်ပီနှင့် မန်ယူအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလား၊ ရှုံးထွက်လိဂ်ဖလားများရယူနိုင်ခဲ့သည့် ရက်ရှ်ဖို့ဒ်တို့မှာ ဆုရရန် ရေပန်းအစားဆုံးဖြစ်လျက်ရှိသည်။

ထို့အပြင် ဒေါ့တ်မွန်အသင်းအတွက် အထူးခြေစွမ်းပြခဲ့ပြီး ဘာစီလိုနာအသင်းက ခေါ်ယူခြင်းခံခဲ့ရသည့် ဒမ်ဘီလီနှင့် အမေရိကန်နှင့်ဒေါ့တ်မွန်အတွက် ခြေစွမ်းပြခဲ့သည့် ပူလီဆစ်တို့မှာလည်း ရေပန်းစားလျက်ရှိသည်။

ဆန်ခါတင်စာရင်းတွင် အင်္ဂလန်ကစားသမား ၆ ဦးအထိပါဝင်ခဲ့ပြီး နိုင်ငံများထဲတွင် အများဆုံးပါဝင်ခဲ့သည်။ ထိုကစားသမားများမှာ ရက်ရှ်ဖို့ဒ်၊ ဆိုလန်ကီ၊ ဂျိုးဂိုမက်ဇ်၊ ကယ်ဗင်လီဝင်၊ ကိုင်လီဝေါ်လ်ကာပီတာနှင့် ရီစီအောက်စ်ဖို့ဒ်တို့ ဖြစ်သည်။

ဆန်ခါတင်စာရင်းထဲတွင် မန်စီးတီးကစားသမား ဂျီးဆပ်၊ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာ၊ ရီးယဲလ်မှ မေယာရယ်နှင့် သီယိုဟာနန်ဒက်ဇ်တို့မှာ နာမည်ကြီး လူငယ်ကစားသမားများ ဖြစ်ကြသည်။

အီတလီသတင်းစာ Tuttosport က ကြီးမှုးပြီး ကမ္ဘာတစ်ဝန်းနာမည်ကြီးအားကစားသတင်းဌာနများမှ အားကစားကလောင်ရှင် ၃၀ က အကောင်းဆုံးလူငယ်ကစားသမားကို ရွေးချယ်ပေးမည် ဖြစ်သည်။

2017  Golden Boy ဆုအတွက် ဆန်ခါတင်စာရင်း

အာရွန်မာင်(အက်စ်ပန်ညို)၊

အော်ဂတ်စတင်(လိုက်ဇစ်)

၊ ဘန်တာကာ(ဂျူဗင်တပ်စ်)၊

ဘာ့ဂ်ဝီဂျင်(ပီအက်စ်ဗွီ)၊

ကယ်ဗင်လီဝင်(အဲဗာတန်)၊

ချီဆာ(ဖီအိုရင်တီးနား)၊

ဒမ်ဘီလီ(ဘာစီလိုနာ)၊

ဒိုင်ဝါရာ(နာပိုလီ)၊

ဒေါလ်ဘာ့ဂ်(အေဂျက်ဇ်)၊

ဒွန်နာရမ်မာ(အေစီမီလန်)၊

ဂျီးဆပ်(မန်စီးတီး)၊

ဂျိုးဂိုမက်ဇ်(လီဗာပူးလ်)၊

ဟန်ရစ်ချ်(လီဗာကူဆင်)၊

မေယာရယ်(ရီးယဲလ်)၊

အမ်ဘက်ပီ(ပီအက်စ်ဂျီ)၊

အမ်မရီမိုး(ဆယ်တာဗီဂို)၊

ရီစီအောက်စ်ဖို့ဒ်(မိုချင်ဂလတ်ဘတ်)၊

မက်ဆီမန်(နိုက်စ်)၊

ဆိုလန်ကီ(လီဗာပူးလ်)၊

သီယိုဟာနန်ဒက်ဇ်(ရီးယဲလ်)၊

တီလီမန်(မိုနာကို)၊

အူနယ်(ဗီလာရီးယဲလ်)၊

ကိုင်လီဝေါ်လ်ကာပီတာ(စပါး)

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly