ကုလသမဂ္ဂအဖွဲ့ကြီးအား ပြုပြင်ပြောင်းလဲရေး လိုအပ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော

ကုလသမဂ္ဂအဖွဲ့ကြီးအား ပြုပြင်ပြောင်းလဲရေး လိုအပ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော

 

နယူးယောက်၊ စက်တင်ဘာ ၁၉ ။               ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်သည့် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ပြုပြင်ပြောင်းလဲမှု လိုအပ်ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ပြောလိုက်သော်လည်း အတွင်းရေးမှူးချုပပ် ဂူတာရပ်စ်၏ လက်ကိုင်ထားသော မူဝါဒများအပေါ် ချီးမွှမ်းလိုက်သည်။

“ကျန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ကုလသမဂ္ဂဟာ ထင်သလောက် ခရီးမပေါက်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဗျူရိုကရေစီနဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့်ပဲ။ ကုလသမဂ္ဂရဲ့ ဘတ်ဂျက်ဟာ ပုံမှန် ၁၄၀ ရာခိုင်နှုန်း တိုးပွားတယ်၊ ဝန်ထမ်းအင်အားဟာလည်း ၂၀၀၀ နောက်ပိုင်း နှစ်ဆ များပြားလာပေမယ့် ရလဒ်က အားရစရာ မမြင်ရဘူး။”ဟု နိုင်ငံတကာအဖွ့ဲကြီးဖြစ်သော ကုလသမဂ္ဂတွင် ပြုပြင်ပြောင်းလဲမှု လိုအပ်ချက်များ ဆွေးနွေးရာ ထရမ့်က ပြောခြင်းဖြစ်သည်။

ကုလသမဂ္ဂအပေါ် ရေရှည်ဝေဖန်လာခဲ့သော ထရမ့်က ဂူတာရပ်စ်၏ လုပ်ရည်ကိုင်ရည်နှင့် ပတ်သက်ပြီး ချီးမွှမ်းကာ “ခုအတွင်းရေးမှူးချုပ် လက်ထက်မှာ ပြောင်းလဲနေတယ်။ ပြောင်းလဲမှု မြန်ဆန်တယ်။ ဒါကို ကျွန်တော်တို့ တွေ့နေရပါတယ်။”ဟု ဆိုသည်။

“ကုလသမဂ္ဂအဖွဲ့က သက်ဆိုင်ရာ အားလုံးအပေါ် ပိုမိုကောင်းမွန်အောင် ဝန်ထမ်းနိုင်ဖို့အရေး ပြုပြင်ပြောင်းလဲမှု အမြင်သဘောထားရှိနေတဲ့ ဂူတာရပ်စ်ကို ကျွန်တော် ချီးကျူးတယ်။ သူ့ရဲ့ ကြိုးစားမှုကို ကျွန်တော်တို့ ထောက်ခံတယ်။ သူရဲ့ အဖွ့ဲကြီး ပိုမိုကောင်းမွန်အောင် ကြိုးစားမှုကို ကျွန်တော်တို့ ရပ်တည်ပေးတယ်။”ဟု ထရမ့်က ပြောသည်။

ထိုပြင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် နည်းလမ်းဟောင်းများတွင်ပဲ နစ်မြုပ်မနေဖို့ကိုလည်း ထရမ့်က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags