အဲဗာတန်နောက်ခံလူ လေတန်ဘိန်းစ် သုံးလခန့် အနားယူရမည်

အဲဗာတန်နောက်ခံလူ လေတန်ဘိန်းစ် သုံးလခန့် အနားယူရမည်

သြဂုတ် ၁၄၊ အင်္ဂလန် ။        ။ အဲဗာတန်ဘယ်နောက်ခံကစားသမား လေတန်ဘိန်းစ်သည် ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက်တွင် သုံးလခန့် အနားယူရတော့မည် ဖြစ်သည်။

အသက် ၃၀ အရွယ်ရှိ ဘိန်းစ်သည် ရာသီသစ်မစတင်မီ လေ့ကျင့်ရေးအစီအစဉ်၌ ထိုဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်သည်။ ဘိန်းစ်၏ ညာဘက်ခြေကျင်းဝတ်သည် ပထမတစ်ကြိမ် ခွဲစိတ်ကုသမှု ခံယူထားပြီး ယခုထပ်မံ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

အဲဗာတန်အသင်းက ဘိန်းစ်၏ ခွဲစိတ်ကုသမှုမှာ အောင်မြင်ကြောင်းနှင့် ရက်သတ္တပတ် ၁၂ ပတ်မှ ၁၄ ပတ်အထိ အနားယူရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ဘိန်းစ်သည် လီဗာပူးလ်နှင့် ကစားရမည့် မာဆေးဆိုဒ်ဒါဘီပွဲစဉ်အပါအဝင် အဲဗာတန်အသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲခန့် လွဲချော်မည် ဖြစ်သည်။ ထို့အပြင် အင်္ဂလန်အသင်း၏ ပွဲစဉ် ငါးပွဲကိုလည်း လွဲချော်မည်ဖြစ် သည်။

လေတန်ဘိန်းစ် ဒဏ်ရာရရှိသွားခြင်းသည် ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်ကြောင်း အဲဗာတန်နည်းပြ မာတီနက်ဇ်က ပြောသည်။ အဲဗာတန်အသင်းသည် ဘိန်းစ်၏နေရာတွင် အစားထိုးရန်အတွက် ဒိုင်နမိုမော်စကိုအသင်းတွင်ကစားလျက်ရှိသည့် မန်ယူနောက်ခံကစားသမားဟောင်း အလက်ဇန္ဒားဘက်နာကို ခေါ်ယူရန် စဉ်းစားလျက်ရှိသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly