အရက်မူးပြီး ကားမောင်းခဲ့တဲ့ ရွန်နီ ယာဉ်မောင်းနှင်ခွင့် (၂)နှစ် ပိတ်ပင်

အရက်မူးပြီး ကားမောင်းခဲ့တဲ့ ရွန်နီ ယာဉ်မောင်းနှင်ခွင့် (၂)နှစ် ပိတ်ပင်
(ဓာတ်ပုံ - အီးပီအေ)

အဲဗာတန်အသင်း တိုက်စစ်မှူး ဝိန်းရွန်နီဟာ အရက်မူးပြီး ကားမောင်းခဲ့မှုအတွက် တရားရုံးမှာ တနင်္လာနေ့က စစ်ဆေးခဲ့ရာ ၎င်းမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် ယာဉ်မောင်းနှင်ခွင့် (၂)နှစ် ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၁ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာစက်တင်ဘာ(၁)ရက်နေ့က ဒေသစံတော်ချိန် နံနက်(၂)နာရီခန့်မှာ အရက်မူးပြီး ကားမောင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ရွန်နီဟာ ၎င်းဖြစ်ရပ်နဲ့ ပတ်သက်လို့ လူသိရှင်ကြား တောင်းပန်စကားပြောကြားခဲ့တဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ရွန်နီဟာ ၎င်းရဲ့ မိသားစု၊ နည်းပြနှင့် ဥက္ကဌနှင့် အဲဗာတန်ရှိ အရောက်တိုင်းကို တောင်းပန်ကြောင်း ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။

"ပရိသတ်အားလုံးနှင့် ကျနော့် ကစားသမားဘဝတလျောက် ထောက်ခံတဲ့ သူအားလုံးကို ကျနော် တောင်းပန်လိုပါတယ်။"လို့ သူက ပြောပါတယ်။

တရားရုံးက ရွန်နီကို ယာဉ်မောင်းနှင်ခွင့် (၂)နှစ် ပိတ်ပင်ခဲ့တဲ့အပြင် လူမှုရေးလုပ်ငန်းများကို နာရီ (၁၀၀) လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags