ရှန်ဟိုင်းက ရှေးဟောင်း တရုတ်ဘုံကျောင်းအား လူပြည့်ကြပ်မှု နည်းအောင် ပေတစ်ရာအထိ ရွှေ့

By AFP
18 September 2017
ရှန်ဟိုင်းက ရှေးဟောင်း တရုတ်ဘုံကျောင်းအား လူပြည့်ကြပ်မှု နည်းအောင် ပေတစ်ရာအထိ ရွှေ့

 

ရှန်ဟိုင်း၊ စက်တင်ဘာ ၁၈ ။       ။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အလယ်ပိုင်းတွင် ရှိသော ရာစုနှစ်ချီ သက်တမ်းရှိသည့် ဗုဒ္ဓဘာသာ ဘုရားကျောင်းက အဓိက ခန်းမဆောင်ကြီးနှင့် ရုပ်တုများကို ပေ ၁၀၀ အထိ အလုံးလိုက် ရွှေ့ခဲ့ကြသည်။

နာမည်ကြီး ထင်ရှားသော Jade Buddha Temple ဘုံကျောင်းတော်တွင် လူပြည့်ကြပ်မှုများ လျော့နည်းအောင် ယခုကဲ့သို့ နေရာရွှေ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဘုံကျောင်းတော်သို့ နေ့စဉ် လာရောက်သူပေါင်းက တစ်သိန်းနီးပါး ရှိနေရာ တရုတ်အာဏာပိုင်များက လူစည်ကားပြည့်သိပ်ခြင်းနှင့် လာရောက်သော ဧည့်သည်များ အမွှေးတိုင်းဆီမီးပူဇော်မှုများမှ မီးဘေးတို့ကို စိုးရိမ်နေရခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြေရှင်းလာခြင်း ဖြစ်သည်။

ဘုံကျောင်းတော်မှ တန်ချိန် ၂၀၀၀ ရှိ မဟာဝီရဟောခန်းဆောင်ကြီးကို အထူးတည်ဆောက်သော ရထားသံလမ်းပေါ်ကနေ မြောက်ဖက်သို့ ရွှေ့ပြောင်းကာ နေရာလွတ် ပိုရှိအောင် ဖန်တီးပြီး စိုးရိမ်ရသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် အားထုတ်လုပ်ဆောင်ခြင်းပဲ ဖြစ်သည်။

ထိုသို့ ရွှေ့ပြောင်းမှုကို သီတင်းနှစ်ပတ်တာမျှ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကာ စက်တင်ဘာ ၁၇ ရက်တွင်မှ အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။

ယခု ဘုံကျောင်းတော်သည် ၁၈၈၂ ခုနှစ်အတွင်းက ရှန်ဟိုင်းအခြားတစ်နေရာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၁၈ ခုနှစ်တွင်မှ ယခုနေရာတွင် ပြောင်းလဲတည်ဆောက်လာခြင်းဖြစ်သည်။ ၁၉၁၈ မှ ၁၉၂၈ ကြား မဟာဝီရဟောခန်းဆောင်မကြီးအား ဘုံကျောင်းတော်တွင် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly