ရီးယဲလ်မက်ဒရစ်အသင်း ညာနောက်ခံလူ ကာဗာဟယ်လ်ဟာ အသင်းမှ ကမ်းလှမ်းလာတဲ့ သက်တမ်းတိုး စာချုပ်ကို သဘောတူညီခဲ့ပြီးနောက် ၂၀၂၁-၂၂ ရာသီကုန်အထိ အသင်းမှာ ရှိနေမှာဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ စပိန်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဂျာမနီဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းမှ ပြောင်းရွှေ့ပြီးနောက်ပိုင်း ဘာနေဗျူးကလပ်အတွက် ၁၆၅ ပွဲ ကစားပေးခဲ့ပါတယ်။
ကာဗာဟယ်လ်ဟာ ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်၊ လာလီဂါနှင့် စပိန်ဘုရင့်ဖလား ၁ ကြိမ်စီ ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီတပတ်အတွင်း ဘယ်နောက်ခံလူ မာဆယ်လိုနှင့် ကွင်းလယ်လူ အစ္စကိုတို့ဟာ သက်တမ်းတိုး စာချုပ်ခဲ့ကြပြီးနောက် သူဟာ တတိယမြောက် သက်တမ်းတိုးတဲ့ ရီးယဲလ်ကစားသမားဖြစ်လာပါတယ်။
Ref; BBC