ရန်ကုန်မြို့အတွင်း ကျောင်းကားများ စတင်ပြေးဆွဲပါက အစီးရေ ၂၀၀ လုံး ပြေးဆွဲဦးမည်မဟုတ်သေး

ရန်ကုန်မြို့အတွင်း ကျောင်းကားများ စတင်ပြေးဆွဲပါက အစီးရေ ၂၀၀ လုံး ပြေးဆွဲဦးမည်မဟုတ်သေး

ရန်ကုန်၊ စက်တင်ဘာ ၁၇ ။           ။ ရန်ကုန်မြို့တွင်း ကျောင်းကားများ စတင်ပြေးဆွဲဖြစ်ပါက ကျောင်းကား အစီး၂၀၀ လုံး ပါဝင်ပြေးဆွဲဦးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

"အစီးရေ ၂၀၀လုံး ပြေးချင်မှပြေးမယ် ။ ဒါပေမယ့် ကျွန်တော်တို့ စနိုင်အောင်တော့ ကြိုးစားနေတယ်။ ဘယ်တော့လောက်စနိုင်မယ်ဆိုတာ မပြောနိုင်သေးဘူးနော်"ဟု YRTA မှ ဒေါက်တာမောင်အောင်ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောင်းကား အစီး ၂၀၀ ကို ကိုရီးယားနိုင်ငံမှ ဟွန်ဒေးကုမ္ပဏီမှမှာယူတင်သွင်းထားပြီး ယင်း  မီနီဘတ်စ်ကားများကို ပြည်သူ့ရင်ပြင်တွင်ရပ်နားထားခြင်း ဖြစ်သည်။

"လုံခြုံမှုက အများကြီးကောင်းသွားတယ်လေ။  အားလုံးက အဲကွန်းနဲ့ဖြစ်မယ်။  နောက်ပြီးလိုအပ်တဲ့ အထဲမှာထည့်ရမယ့်ဟာတွေ ၊ စီစီတီဗီကင်မရာကအစ အားလုံးက။ နောက် ဘယ်မောင်းလေ Brand New ၊ ဘာကွာလဲဆို အများကြီကွာတာပေါ့"ဟု အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ကျောင်းကားများ အခြေအနေကို ပြောသည်။

၎င်းကျောင်းကားများသည် တစ်စီးလျှင်(၂၉)ယောက်စီး မီနီဘတ်စ်အရွယ်ကားများဖြစ်ပြီး လာမည့် အောက်တိုဘာလတွင် စတင်ပြေးဆွဲနိုင်ရန် YRTA မှ ခန့်မှန်းထားသည်။

အဆိုပါကျောင်းကားများကို ရန်ကုန်မြို့ အဓိကလမ်းမကြီးများပေါ်ရှိ ကျောင်းပေါင်း(၂၂)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ပြေးဆွဲသွားမည်ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လက အဆိုပါ ကျောင်းကားများ မှတ်ပုံတင်ခြင်း ပြီးစီးခဲ့သည်။

၂၀၀၁၇-၁၈ ပညာသင်နှစ်အဖြစ် စာသင်ကျောင်းကို ပြီးခဲ့သည့် ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပြီးကျောင်းကားများမှာမူ အောက်တိုဘာတွင် ပြေးဆွဲနိုင်ရန်ခန့်မှန်းထားဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags