အာစင်ဝင်းဂါးမှာ သူ၏ ဖခင်ကဲ့သို့ပင်ဖြစ်ကြောင်း ဖာဘရီဂက်စ်ပြောကြား

အာစင်ဝင်းဂါးမှာ သူ၏ ဖခင်ကဲ့သို့ပင်ဖြစ်ကြောင်း ဖာဘရီဂက်စ်ပြောကြား

စက်တင်ဘာ ၁၇၊ အင်္ဂလန် ။           ။ အာစင်ဝင်းဂါးမှာ ၎င်း၏ဖခင်တစ်ဦးကဲ့သို့ပင်ဖြစ်ကြောင်း ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂက်စ်က ပြောဆိုလိုက်သည်။ ၎င်းအာဆင်နယ်ကစားသမားဘဝက အာစင်ဝင်းဂါးနှင့်အလွန် ချစ်ခင်ခဲ့ကြကြောင်း ဖာဘရီဂက်စ်က ဖွင့်ဟခဲ့သည်။

စပိန်ကွင်းလယ်ကစားသမား ဖာဘရီဂက်စ်သည် အာစင်ဝင်းဂါး၏ လက်အောက်တွင် ၈ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းသို့ ပြန်လည်ရောင်းချခံခဲ့ရသူ ဖြစ်သည်။

"ကျွန်တော်အာစင်ဝင်းဂါးကို ချစ်ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့လည်း သူကို အလွန်ချစ်ခင်ပါတယ်။ အာဆင်နယ်ကနေ ကျွန်တော်ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချခဲ့တာက အာစင်ဝင်းဂါးပါ။ ဒါပေမဲ့ ကျွန်တော်အမြဲပြောခဲ့သလိုပါပဲ... အာစင်ဝင်းဂါးက ကျွန်တော့်ရဲ့ဖခင်လိုပါပဲ၊ အမြဲတမ်းပါပဲ" ဟု ဖာဘရီဂက်စ်က ပြောဆိုခဲ့သည်။

ဘာစီလိုနာအကယ်ဒမီမှ ထွက်ပေါ်လာသည့် ဖာဘရီဂက်စ်သည် လူငယ်ကစားသမားဘဝမှာပင် အာဆင်နယ်သို့ရောက်ခဲ့ပြီး အာစင်ဝင်းဂါး၏သွန်သင်မှုကြောင့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့သူဖြစ်သည်။ ၂၀၁၁ တွင် ဘာစီလိုနာသို့ပြန်ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် အာဆင်နယ်အသင်း၏မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly