ဘာစီလိုနာကို ပြောင်းရွှေ့ကစားဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ဖူးကြောင်း အစ္စကို ထုတ်ဖော်ပြောဆို

ဘာစီလိုနာကို ပြောင်းရွှေ့ကစားဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ဖူးကြောင်း အစ္စကို ထုတ်ဖော်ပြောဆို
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အစ္စကိုက သူဟာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားမယ့်အကြောင်းနဲ့ပတ်သက်လု့ိ ဘယ်တော့မှ မစဉ်းစားခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြိုင်ဘက် ဘာစီလိုနာအပါအဝင် အခြားဥရောပကလပ်အသင်းကြီးတွေက အစ္စကို,ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် စပိန်ကွင်းလယ်ကစားသမားဟာ ရီးယဲလ်အသင်းနဲ့ ၂၀၂၂ အထိ သက်တမ်းရှိမယ့် နောက်ထပ် ၄ နှစ် စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

"ဆက်သွယ်မှု အချို့ရှိခဲ့ပေမယ့် ဒါကို ဘယ်တော့မှ ကျနော် ဂရုမစိုက်ခဲ့ပါဘူး။ ကျနော့်ရည်ရွယ်ချက်က ရီးယဲလ်အသင်းမှာ အောင်မြင်ဖို့ပဲ ဖြစ်ပါတယ်။"လို့ အစ္စကိုက စာချုပ်သစ် လက်မှတ်ရေးထိုးပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော် ခက်ခဲတဲ့အချိန်တွေကို ဖြတ်သတ်းခဲ့ရပါတယ်။ ဒါပေမယ့် ဒါကပဲ ကျနော့်ကို ကောင်းမွန်တဲ့ အချိန်တွေအဖြစ် ခံစားစေပါတယ်။"လို့ သူက ဆက်ပြောပါတယ်။

ဘာစီလိုနာအသင်းဟာ သူ့ကို ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ဖူး "ဖြစ်ကာင်း ဖြစ်ပါလိမ့်မယ်"။ ဒါပေမယ့် သူက ရီးယဲလ်အသင်းမှာ ဆက်နေပြီး တိုးတက်အောင် လုပ်ဆောင်လိုတဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေကြောင့် ဒါကို လျစ်လျူရှုခဲ့ပါတယ်လို့ အစ္စကိုက ပြောပါတယ်။

အစ္စကိုမှာ ရီးယဲလ်အသင်းမှာ ပွဲကို အကန့်သတ်ဖြင့်သာ ကစားနေရတာကြောင့် သူရဲ့အနာဂတ်နှင့်ပတ်သက်ပြီး မရေရာမှုများဖြစ်ပေါ်ခဲ့ပြီးနောက် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

"ရာသီအစပိုင်းမှာ စာချုပ်ချုပ်ဆိုဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားရလို့ ကျနော် အလွန်ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်။ ကျနော် ၃ နှစ်အတွင်း ဆုဖလား ၁၁ ခု ရရှိခဲ့ပါတယ်။ ဒါက အံ့သြစရာကောင်းတဲ့ အရာပါ။ ဒါပေမယ့် ကျနော်တို့ ရည်မှန်းချက်ကြီးရမှာဖြစ်ပြီး အသင်းဟာ အမြဲတမ်း ပိုပြီးအနိုင်ရလိုရမှာဖြစ်ပါတယ်။"လို့ သူက ဆက်ပြောပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags