အီတလီအလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး ၆ဦးသေဆုံး

အီတလီအလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး ၆ဦးသေဆုံး

 

ရောမ၊ စက်တင်ဘာ ၁၁ ။                ။  အီတလီနိုင်ငံအလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသတို့တွင် တနင်္ဂနွေနေ့တစ်လျှောက် ပြင်းထန်သော မုန်တိုင်းတိုက်ခတ်ခဲ့သောကြောင့် အနည်းဆုံးလူပေါင်း ၆ဦးခန့် သေဆုံးခဲ့ရကြောင်း မီးသတ်ဌာနက သတင်း တင်ပြခဲ့သည်။

အနီရောင်အဆင့်သတ်မှတ်ထားသော အဆိုပါမုန်တိုင်းသည် မြောက်ပိုင်းဒေသရှိ လီဂူရီယာမြို့ကို တိုက်ခတ်ခဲ့ ပြီးနောက် တွတ်စ်ကန်ကမ်းရိုးတန်းပေါ်ရှိ မွန်တိုနီရိုမြို့နှင့် မြောက်ပိုင်းဆိပ်ကမ်းမြို့   ဖြစ်သော လီဗော်နိုမြို့တို့ကို ထပ်မံရိုက်ခတ်ခဲ့ကာ လူပေါင်း ၆ဦးခန့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

“ဆိုးရွားတဲ့ရာသီဥတု ဖြစ်ပွားနေပါတယ်။ ပီဆာနဲ့ လီဗော်နိုမြို့တို့က မီးသတ်သမား ၁၆၀ခန့်ဟာ ရေကြီးမှု၊ သစ်ပင်လဲမှုတို့ ကြုံတွေ့နေရတဲ့နေရာတွေနဲ့ ယာဉ်မောင်းသူတွေကို အကူအညီပေးဖို့   ရောက်ရှိနေပါတယ်” ဟု မီးသတ်ဌာနက တွစ်တာ၌ရေးသားခဲ့ပြီး ဒူးဆစ်ထိမြုပ်သော ရေထဲ၌ အကူအညီပေးရန် ရောက်ရှိနေသော ကယ်ဆယ်ရေးသမားများ၏ ဓာတ်ပုံကို တင်ခဲ့သည်။

မီးသတ်သမားများ၏အဆိုအရ သေဆုံးသူများထဲမှ ၄ဦးကို မြေအောက်တိုက်ခန်းထဲ၌ ရေနစ်သေဆုံးနေသည်ကို ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး အခြားတစ်ဦးမှာ ယာဉ်မတော်တဆဖြစ်မှုကြောင့်   သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္ဂနွေနေ့မနက်ခင်းကတည်းက သည်းထန်စွာရွာသွန်းနေခဲ့သောမိုးကြောင့် လီဗော်နိုမြို့တွင် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နေခဲ့သည်။

“အခြေအနေတွေဟာ အတိမ်းအစောင်းမခံသလို အလွန်ကိုခဲရာခဲဆစ်နိုင်လှပါတယ်။ ကပ်ဆိုက်မှုမဖြစ်ပါစေနဲ့ လို့ ကျနော်မျှော်လင့်ပါတယ်” ဟု လီဗော်နိုမြို့တော်ဝန် ဖီလစ်ပိုနိုဂါရင်က   ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly