ရင်ကြားစေ့ခြင်း မရှိဘဲ ကိုလံဘီယာငြိမ်းချမ်းရေး မထမြောက်နိုင်ဟု ပုပ်ရဟန်းမင်းကြီး ပြော

By AFP
09 September 2017
ရင်ကြားစေ့ခြင်း မရှိဘဲ ကိုလံဘီယာငြိမ်းချမ်းရေး မထမြောက်နိုင်ဟု ပုပ်ရဟန်းမင်းကြီး ပြော

 

ဘိုဂိုတာ၊ စက်တင်ဘာ ၉ ။               ။ ဆယ်စုနှစ်များစွာ ခံစားနေရသည့် ပြည်တွင်းပဋိပက္ခများ အမြဲတမ်းချုပ်ငြိမ်းသွားရေးအတွက် ကိုလံဘီယာနိုင်ငံ၏ ကြိုးစားအားထုတ်မှုများသည် ပြည်သူများကြား ရင်ကြားစေ့ခြင်း မရှိပါက ထမြောက်နိုင်မည် မဟုတ်ကြောင်း ပုပ်ရဟန်းမင်းကြီးက စက်တင်ဘာ ၉ ရက်တွင် သတိပေးလိုက်သည်။

“လူတိုင်း လူတိုင်းရဲ့ ရင်ကြားစေ့ရေးမှာ စိတ်အမှန်နဲ့ ပါဝင်ခြင်း မရှိတဲ့ ငြိမ်းချမ်းရေးအားထုတ်မှုဟာ ကျဆုံးမှာပဲဖြစ်တယ်။”ဟု ကိုလံဘီယာ ဗီလာဗီဆင်စီယိုမြို့တွင် အရိုအသေ ဝတ်ပြုသူ   ထောင်ပေါင်းများစွာကို ပုပ်ရဟန်းမင်းကြီးက မိန့်သည်။

 ကိုလံဘီယာနိုင်ငံသို့ ရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီးအား လာရောက်တွေ့ဆုံဝတ်ပြုသူ လူအုပ်ကြီးတွင် ရာစုနှစ်ဝက်ချီ ပဋိပက္ခအတွင်း ဒဏ်ရာရသူများ၊ ပြောက်ကျားစစ် တပ်ဖွဲ့ဝင်ဟောင်းများ၊ အစိုးရစစ်သားများနှင့် နေရပ်ပြောင်းရွှေ့ရသူများ များစွာပါဝင်သည်။

“ရင်ကြားစေ့ရေးဆိုတာ ပဋိပက္ခတွေရဲ့ ဆိုးဝါးတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကြုံရသူတိုင်းအတွက် တံခါးဖွင့် ကြိုဆိုခြင်းပါပဲ။”ဟု ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဆိုသည်။

ကိုလံဘီယာနိုင်ငံက လက်နက်ပဋိပက္ခများသည် ၁၉၆၀ ခုနှစ်များအတွင်း စတင်ဖြစ်ပွားပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ၊ နေရပ်ပြောင်းရွှေ့ရသူပေါင်း ရှစ်သန်းကျော်ထက်မနည်း ရှိခဲ့သည်။

နှစ်ပေါင်း ငါးဆယ်ကျော်ထက်မနည်း လက်နက်ကိုင်တိုက်ခိုက်နေခဲ့သည့် လက်ယာစွန်း FARC သူပုန်အဖွဲ့ကြီးက လက်ရှိကာလတွင် လက်နက်စွန့်ကာ  နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းလာခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly