ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲလုပ်ကာ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ပြန်လည်ဖွဲ့စည်းတော့မည်ဟု ကြံ့ခိုင်ရေးပါတီရုံးချုပ် နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဗဟိုအလုပ်အမှုဆောင် ကော်မတီ၊ ပါတီလုပ်ငန်းစိစစ်ရေး၊ ပါတီစည်ကမ်းထိန်းသိမ်းရေးကော်မတီများနှင့် ဗဟိုဌာနကြီးများ တာဝန်ခွဲဝေမှုတွင် သမ္မတဦးသိန်းစိန်က ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ/ဥက္ကဋ္ဌပူးတွဲတာဝန် အဖြစ် ဦးဌေးဦးကို လျားထားကြောင်း ကနဦးသတင်းများ ထွက်ပေါ်လာသည်။
ထိုသတင်းကို မဇ္ဈိမက ဆက်လက်အတည်ပြုလျက်ရှိသည်။
ပါတီ၏ ဗဟိုအတိုင်ပင်ခံ အဖွဲ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ်၊ ဦးစိုးသာ နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ပါဝင်သည်။
သူရဦးအေးမြင့်ကို ဒုတိယ ဥက္ကဋ္ဌ အဖြစ် လျာထားပြီး ဗဟိုအကြံပေးအဖြစ် ဦးသောင်း၊ ဦးလွန်းသီ၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဒေါက်တာကျော်မြင့်တို့ကို လျားထားထားကြောင်းလည်း သိရသည်။
ယင်းအပြင် ဦးတင်နိုင်သိန်းကို အထွေထွေ အတွင်းရေးမှူးအဖြစ် လျားထားသည်ဟု သိရပြီး ဗဟိုအတွင်းအရေးမှူးအဖြစ် ဦးပိုက်ထွေး၊ ဒေါက်တာ မောင်မောင်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာကျော်ကျော်ဌေး၊ ဒေါ်ဝင်းမော်ထွန်းတို့ဖြစ်သည်ဟု ကနဦး သတင်းအရ သိရသည်။