မက္ကဆီကိုကမ်းရိုးတန်းပြင်ပမှာ ပြင်းအား ၈ အဆင့်ရှိ အားပြင်းငလျင်ကြီး လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား

By AFP
08 September 2017
မက္ကဆီကိုကမ်းရိုးတန်းပြင်ပမှာ ပြင်းအား ၈ အဆင့်ရှိ အားပြင်းငလျင်ကြီး လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား

 

စက်တင်ဘာ ၈ ။                ။ မက္ကဆီကိုကမ်းရိုးတန်းအပြင်ဘက်မှာ ပြင်းအား ၈ ဒသမ ၀ အဆင့်ရှိ အားပြင်း မြေငလျင်ကြီးတစ်ခု လှုပ်သွားခဲ့တယ်ဆိုပြီး အမေရိကန် ဘူမိ တိုင်းတာလေ့လာရေး အေဂျင်စီ USGS က စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ငလျင် လှုပ်ခဲ့ပြီးနောက် ဆူနာမီ ရေလှိုင်း အန္တရာယ် ရှိလာနိုင်ကြောင်းလည်း USGS က ထပ်လောင်း သတိပေးထားပါတယ်။

ငလျင်လှုပ်မှုကို မက္ကဆီကိုစီးတီးက ပြည်သူတွေ ခံစားသိရှိခဲ့ရပြီး အဆောက်အဦးတွေလည်း ခါယိမ်းခဲ့တယ်လို့ သိရပါတယ်။

ငလျင် ဗဟိုချက်ကတော့ Pijijiapan မြို့ အနောက်တောင်ဘက် ၁၂၃ ကီလိုမီတာ၊ မြေအောက် အနက် ၃၃ ကီလိုမီတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုအခါ ဂွာတီမာလာ၊ အယ်လ် ဆယ်ဗေဒေါ၊ ကော်စတာ ရီကာ၊ နီဂါရာဂွာ၊ ပနားမား ၊ ဟွန်ဒူးရပ်စ်နဲ့ အီကွေဒေါတို့အတွက် ဆူနာမီ ရေလှိုင်း သတိပေးချက်များထုတ်ပြန်ထားရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly