ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး မေးခွန်းထုတ်

ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး မေးခွန်းထုတ်

စက်တင်ဘာ ၈၊ အင်္ဂလန် ။           ။ ကလပ်အသင်းများက ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း(FFP)ကို လေးစားမှုမရှိသည့်အတွက် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ထိုစည်းမျဉ်းကို မေးခွန်းထုတ်လိုက်ပြီး ဖျက်သိမ်းလိုက်သင့်သည်ဟု ဆိုသည်။

ယူအီးအက်ဖ်အေက ကလပ်အသင်းများအနေဖြင့် ၎င်းတို့၏ ဝင်ငွေနှင့်ထွက်ငွေညီမျှမှုရှိစေရန် ၂၀၁၃ ခုနှစ်က ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အပြောင်းအရွှေ့တွင် ပီအက်စ်ဂျီနှင့်မန်စီးတီးအသင်းတို့သည် ပေါင်သန်း ၂၀၀ ကျော်အသုံးပြုခဲ့ကြသည့်အတွက် လာလီဂါဥက္ကဋ္ဌတီဘက်စ်က စုံစမ်းစစ်ဆေးပေးပါရန် ယူအီးအက်ဖ်အေသို့ တောင်းဆိုခဲ့သည်။

ယူအီးအက်ဖ်အေက ပီအက်စ်ဂျီအသင်းကို ပုံမှန်စစ်ဆေးမှုများသာ ပြုလုပ်ခဲ့ပြီး မန်စီးတီးကို စုံစမ်းစစ်ဆေးမည်မဟုတ်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော်တို့ စည်းမျဉ်းတွေ ရေးဆွဲထုတ်ပြန်ခဲ့ကြပေမယ့် လေးစားမှုတော့ မရရှိခဲ့ပါဘူး။ ဒီစည်းမျဉ်းကို ရပ်လိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကို တရားဝင်ဖြစ်အောင် ပြုလုပ်ဖို့ ကလပ်အသင်းတွေမှာ နည်းလမ်းတွေ အများကြီးရှိနေလို့ပါ။

အနည်းဆုံးတော့ မေးခွန်းတွေက မြင့်တက်လာပါပြီ။ လက်ရှိအချိန်မှာ ဒီစည်းမျဉ်းက ကလပ်အသင်းတွေလေးစားလောက်အောင် အားကောင်းမှုမရှိဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု အာစင်ဝင်းဂါးက ဆိုသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly