ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကို အငှားဖြင့် ခေါ်ယူနိုင်ရန် ဖီနာဘာချီအသင်း ဆွေးနွေး

ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကို အငှားဖြင့် ခေါ်ယူနိုင်ရန် ဖီနာဘာချီအသင်း ဆွေးနွေး
(ဓာတ်ပုံ - အီးပီအေ)

ဖီနာဘာချီအသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကို အငှားဖြင့် ခေါ်ယူနိုင်ရန် ကစားသမားရဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် ကော်စတာဟာ ဘရာဇီးမှာပင် ရှိနေပြီး  နည်းပြ ကွန်တီနှင့် ပြဿနာဖြစ်ပွားပြီးကတည်းက ချယ်လ်ဆီးအသင်းမှာ လုံးဝပြန်ကစားလိုခြင်းမရှိတော့ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားခဲ့သလို အသင်းပြောင်းရွှေ့ခွင့်ပြုရန်လည်း တောင်းဆိုခဲ့ပါတယ်။

ကော်စတာဟာ ဥရောပထိပ်သီးလိဂ်များရဲ့ နွေရာသီအပြောင်းအရွှေ့ ပိတ်ရက်မတိုင်မီ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းမှ ထွက်ခွာရန် မဖြစ်မြောက်ခဲ့ပေမယ့် တူရကီ အပြောင်းရွှေ့ပိတ်ရက်ဟာ သောကြာနေ့ (ယနေ့)မှသာ ပိတ်သိမ်းမှဖြစ်တာကြောင့် ဖီနာဘာချီအသင်းသို့ အငှားဖြင့် ရောက်ရှိနေနိုင်တာဖြစ်ပါတယ်။

တူရကီကလပ်အသင်းနှင့် ညှိနှိုင်းမှုများဟာ သဘောတူညီမှု မရနိုင်သေးပေမယ့် ဆက်လက်ဆွေးနွေးနေဆဲဖြစ်တယ်လို့ နီးစပ်တဲ့ ရင်းမြစ်အရ သိရပါတယ်။

ဒီယေဂိုကော်စတာဟာ ဒီနှစ်နွေရာသီမှာ အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည်ပြောင်းရွှေ့လိုနေပေမယ့် အက်သလက်တီကိုအသင်းက လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလရောက်မှသာ ကစားသမားခေါ်ယူခွင့်ရမှာဖြစ်တာကြောင့် စောင့်ဆိုင်းရအုံးမှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly