ပြည်​သူ့ရင်​ပြင်​ရှိ​ ကျောင်​းကားများ ​အောက်​တိုဘာလတွင်​ ​စတင်​အသုံးပြုတော့မည်​

ပြည်​သူ့ရင်​ပြင်​ရှိ​ ကျောင်​းကားများ ​အောက်​တိုဘာလတွင်​ ​စတင်​အသုံးပြုတော့မည်​

 

ရန်ကုန်၊စက်တင်ဘာ ၆ ။                ။ လာမည့် အောက်တိုဘာလ၌ ပြည်သူ့ရင်ပြင်၌ ရပ်နားထားသည့် ကျောင်းကားအသစ်များကို စတင်ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့(YRTA)၏ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

"ကျောင်းကားကတော့ ကုမ္ပဏီဖွဲ့တုန်းပဲ ရှိသေးတယ် မလုပ်ရသေးဘူးဗျ ။ ပြောလို့မရဘူး။ ရွှေလက်ကုမ္ပဏီနဲ့ ဖွဲ့နေတုန်း၊ အောက်တိုဘာတော့ စနိုင်အောင် ကြိုးစားနေတာပဲ " ဟု YRTA၏ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုရီးယားနိုင်ငံ ဟွန်ဒေးကုမ္ပဏီထုတ်ကျောင်းကား အစီး(၂၀၀)ကို မေလက မှာယူတင်သွင်းထားပြီး လက်ရှိတွင် ပြည်သူ့ရင်ပြင်၌ ရပ်နားထားခြင်း ဖြစ်သည်။

ထိုကားများကို စတင်ပြေးဆွဲနိုင်ရန် ကျောင်းကားမှတ်ပုံတင်ခြင်းလုပ်ငန်းအား သြဂုတ်လ၌ လုပ်ဆောင်ခဲ့ပြီး  တစ်စီးလျှင်၂၉ ယောက်ဆံ့ မီနီဘတ်စ်အရွယ်ကားများဖြစ်ကာ ရန်ကုန်မြို့ အဓိကလမ်းမကြီးများပေါ်ရှိ ကျောင်းပေါင်း(၂၂)ကျောင်းအတွက် ပြေးဆွဲသွားမည်ဖြစ်သည်။

အဆိုပါကျောင်းများမှာ ဗိုလ်တစ်ထောင်မြို့နယ်တွင် အ.ထ.က(၄)နှင့်  အ.ထ.က(၆)၊  အ.ထ.က(၄) ပုဇွန်တောင်၊ လသာမြို့နယ်တွင် အ.ထ.က(၁)နှင့်  အ.ထ.က (၂)၊  အ.ထ.က(၁)ပန်းဘဲတန်း၊ ၊ ဒဂုံမြို့နယ်တွင် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.လ.က(၁)(ဘိရှော့ဟုမ်း)၊ ဗဟန်းတွင် အ.မ.က(၁)နှင့်  အ.ထ.က(၂)ဗဟန်း(နံရံကျောင်း)၊ စမ်းချောင်းတွင် အ.ထ.က(၁)နှင့် အ.ထ.က(၂)၊ အ.ထ.က(၄)အလုံ၊ ကမာရွတ်တွင် အ.ထ.က(၂)(မရမ်းခြံ)နှင့် ကမာရွတ် TTC ၊  အ.ထ.က(၁)သင်္ဃန်းကျွန်း၊ အ.ထ.က(၁)အင်းစိန်၊ အ.ထ.က(၂)မရမ်းကုန်း၊ အ.ထ.က(၂)မင်္ဂလာဒုံ(အောင်ဆန်းသူရိယ လှသောင်းကျောင်း)၊ အ.ထ.က(၁)မင်္ဂလာတောင်ညွန့်၊ ILBC (အင်္ဂလိပ် ကျောင်း)တို့ ဖြစ်သည်။

၎င်းကျောင်းများ၌ ပညာသင်ကြားနေသော ကျောင်းသားဦးရေ စုစုပေါင်း ၅၈၀၀ထောင်ကျော် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly