အာဂျင်တီးနားလူမျိုး နည်းပြ ဒီယေဂို ဆီမြွန်နီဟာ အက်သလက်တီကိုအသင်းနှင့် ၎င်းရဲ့ စာချုပ်ကို နောက်ထပ် ၂ နှစ်၊ ၂၀၂၀ ခုနှစ်အထိ သက်တမ်းတိုးချုပ်ဆိုခဲ့ကြောင်း စပိန်ကလပ်အသင်းက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
အသက် ၄၇ နှစ်ရှိ နည်းပြရဲ့ ယခင်စာချုပ်ဟာ ဒီရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် သူဟာ ကလပ်အသင်းမှာ ၂၀၂၀ ခုနှစ် ဇွန်လအထိရှိနေမယ့် စာချုပ်ကို သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ရဲ့ နည်းပြဟာ ၂၀၂၀ ခုနှစ်၊ ဇွန် ၃၀ ရက်နေ့ထိ အက်သလက်တီကိုမှာ နောက်ထပ် ၂ ရာသီရှိနေမယ့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။"လို့ စပိန်ကလပ်အသင်းက ၎င်းတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
သူဟာ အက်သလက်တီကိုအသင်း နည်းပြအဖြစ် ၂၀၁၁ ခုနှစ်က ခန့်အပ်ခံရပြီး လက်ရှိ လာလီဂါမှာ သက်တမ်းအရှည်ဆုံး နည်းပြလည်းဖြစ်ပါတယ်။
ဆီမြွန်နီဟာ အက်သလက်အသင်းကို ရောက်ရှိပြီးနောက်ပိုင်း ယူရိုပါလိဂ်၊ ၂၀၁၂ ဥရောပစူပါဖလား၊ ၂၀၁၃ ဘုရင့်ဖလားအပါအဝင် ဆုဖလား ၅ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒါ့အပြင် အက်သလက်တီကို ကစားသမားဟောင်း တစ်ဦးလည်းဖြစ်သူ ဆီမြွန်နီဟာ အသင်းကို ၂၀၁၃/၂၀၁၄ ရာသီက အသင်းအတွက် ၁၀ ကြိမ်မြောက် လာလီဂါချန်ပီယံဆုကို ရယူပေးခဲ့ပြီး အဲဒီနှစ်မှာပဲ စပိန်စူပါဖလားကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
Ref; EFE_EPA