အဆိုတော် ခိုင်ထူး ရဲ ့အုတ်ဂူ နံဘေးတွင် အဆိုတော် တာရာ ကို ဂူသွင်းသဂြိုလ်

အဆိုတော် ခိုင်ထူး ရဲ ့အုတ်ဂူ နံဘေးတွင် အဆိုတော် တာရာ ကို ဂူသွင်းသဂြိုလ်

စက်တင်ဘာလ ၄ ။           ။ “ မာနများလည်း တစစီကွဲရှ ကိုယ့်ရဲ့ အသည်းကွဲ ညနေခင်းများ…”သီချင်းကို အသက်သွင်းခဲ့သူ၊ ၁၉၉၃ ခုနှစ်က “အလင်းတန်းများ”တေးစီးရီးဖြင့် စတင်အောင်မြင်ခဲ့သူ အဆိုတော် တာရာ(ခ) နန္ဒာထွန်း ဟာ စက်တင်ဘာ ၂ရက်နေ့  မနက်အစောပိုင်း ၅ နာရီခွဲအချိန်မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဒီကနေ့ စက်တင်ဘာလ ၄ ရက် ၊ ညနေ ၄ နာရီမှာတော့ အဆိုတော်တာရာကို ရေဝေး သုသာန်မှာ ရှိတဲ့ အဆိုတော်ခိုင်ထူးရဲ့အုတ်ဂူနံဘေးမှာ ဂူသွင်းသဂြိုလ်တော့မှာပါ။

မကြာသေးခင်ရက်ပိုင်းအတွင်းမှာပဲ အဆိုတော်ခိုင်ထူးကွယ်လွန်ခဲ့ပြီးနောက် အနုပညာ ကြယ်တစ်ပွင့် နောက်ထပ်ကြွေလွင့်တဲ့အပေါ် ဂီတ အသိုင်းဝိုင်းနဲ့ ပရိသတ်အများက စိတ်မကောင်းဖြစ်ကြရပါတယ်။

ကိုယ်ပိုင်သံစဉ် သီချင်းချိုချိုလေးတွေတခေတ်မှာ သူ့ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေဖြစ်တဲ့အစဉ်အမြဲ ၊ အသဲကွဲညနေခင်းများ ၊ မျက်စိမှိတ်ထားတယ်(စုံတွဲအဆို ထူးအိမ်သင်)၊ ပုလဲသီတကွဲစီ   စတဲ့ကိုယ်ပိုင်သံစဉ် တေးသီးချင်းများဟာ ဂီတ ချစ်သူတွေအတွက် ထာဝရ ရှင်သန်နေဦးမှာပါ။

အဆိုတော် တာရာဟာ အဆိုတော် ထူးအိမ်သင်ရဲ့ တပည့်အရင်း တစ်ယောက်ဖြစ်သလို ဆရာ့ခြေရာကို အနီးစပ်ဆုံး နင်းနိုင်အောင် ကြိုးစားအောင်မြင်ခဲ့    သူတစ်ယောက်လည်း ဖြစ်ပါတယ် ။

၁၉၉၃ ခုနှစ်ကနေ တကိုယ်တော်စီးရီးတွေဖြစ်တဲ့ အလင်းတန်းများ၊ ပုလဲသီတကွဲစီ၊ အချစ်နဲ့သိမ်းပိုက်ခြင်း၊ ချစ်ခြင်းရဲ့မျက်နှာများ ၊ စုစုပေါင်း ၄ ခွေကို ပရိသတ်အတွက် အမှတ်တရထားလို့အသက် ၄၉နှစ်အရွယ်မှာ နှုတ်မဆက်ဘဲ ထွက်ခွာသွားပြီဖြစ်ပါတယ် ။လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ဟာ သူ့ရဲ ့မွေးနေ့ဖြစ်ပြီး  စိတ်မကောင်း ကြီးစွာဖြစ်ရကြောင်း မိသားစုဝင်တစ်ဦးထံက သိရပါတယ်။ ဂီတကြယ်ပွင့်တွေ တဖြုတ်ဖြုတ် ကြွေလွင့်နေရတဲ့ အပေါ် နိုင်ငံအတွက် ဆုံးရှုံးမှုများစွာဖြစ်ရသလို ဂီတချစ်မြတ်နိုးသူတွေအတွက်လည်း များစွာ ကြေကွဲဝမ်းနည်းစရာပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly