မူဆယ်တွင် လက်လုပ်အသံမိုင်း တစ်လုံး ပေါက်ကွဲ

မူဆယ်တွင် လက်လုပ်အသံမိုင်း တစ်လုံး ပေါက်ကွဲ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ စက်တင်ဘာလ ၃ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တောင်ရပ်ကွက်၊ ဦးသိန်းဇော်ဆိုသူ နေအိမ်ခြံစည်းရိုးနှင့် အမှတ်(၃) အခြေခံပညာမူလတန်း ကျောင်းတို့ကြားရှိ ကားလမ်းပေါ်တွင် ယနေ့ စက်တင်ဘာလ ၃ ရက်၊ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် လက်လုပ်အသံ မိုင်း ၁ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောင်အဦးများ ထိခိုက်မှုများမရှိဘဲ လက်ရှိတွင် ပေါက် ကွဲမှုဖြစ်ပွားခဲ့သည့် နေရာတဝိုက်အား တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ရှင်းလင်း လျက်ရှိကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁ ရက်၊ ညနေ ၅ နာရီခန့်တွင် ကွတ်ခိုင် - မူဆယ် ပြည်ထောင်စုကားလမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၃)နေရာ၊ လမ်းညာဘက် ပေ ၂ဝ ခန့်အကွာ ချုံပုတ်အတွင်းမှ အလျား ၈ လက်မ၊ အနံ ၄ ဒသမ ၅ လက်မခန့်ရှိ အစိမ်းရောင် ရှေ့ထွက်မိုင်း ၁ လုံးတွေ့ရှိသဖြင့် တပ်မတော်က ရှင်းလင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly